Wednesday 2 March 2011

မိသားစုရဲ.အိမ်




မီရာမိုရ်ရဲ. ဂီတကဗျာသီချင်းလေးတွေကို နားထောင်ပြီး အိမ်ကိုလဲလွမ်းတယ်။
ကလေးဘ၀လေးကိုလဲ ပြန်တမ်းတမိပါတယ်။အဘိုးအဘွားတို.နဲ.ညနေတိုင်း
ဘုရားဆုတောင်းကြတယ်။ဆန်းဒေးတိုင်းဘုရားကျောင်းသွားတယ် ။
ဝမ်းကွဲမောင်နှမတွေစုံလို. အိမ်ကလူကြီးတွေက မုန်.တွေလုပ်ပေးရင် လုစားကြတယ်။
(မောင်နှမတွေကလဲ သိတ်မများပါဘူး ၁၀ယောက်လောက်ပါပဲး))သူငယ်ချင်းတွေနဲ. အတူတူကျောင်းသွား ကစားခဲ့ကြတယ်။တခါတလေ အဖေက ကျောင်းပိတ်ရက်တွေမှာ
မိသားစု တွေ အပြင်အတူတူ လျှောက်လည်ခါနီး အမေက နှင်းပွင့်တို. ညီအမတွေကို
ပြင်ဆင် ပေးနေတဲ့ အချိန်ဆို ဂစ်တာလေးတီးပြီး အရင်က မြန်မာပြည် သိန်းတန်ဆို တဲ့
(လာမြန်မြန် အကျီံ ၀တ်ကွယ်သမီးလေးရယ် တိရစ္ဆာန်ဥယာဉ်သွားကြမယ် လည်လည်သွား မယ် )
ဆိုတဲ့ သီချင်းလေးကို ဆိုပြီး စောင့်နေတတ်တယ်။အများဆုံး သွားတတ်တာကလဲ တိရစ္ဆာန် ရုံနဲ. ကြေးအိုးဆိုင်း) ပြန်တွေးတိုင်း အခုထိ နွေးထွေးမှု.လေးကို ခံစားနေရဆဲပါ။
မိသားစုမှာ နွေးထွေးတဲ့ မေတ္တာတရားတွေရှိတယ်. အေးချမ်းတဲ့ မိဘတွေရဲ.
ဂရုစိုက်မှု.တွေရှိတယ်။မိဘကို ဆိုးနွဲ.ချင်တဲ့ သားသမီးတွေရှိတယ်။
အသက်တွေ ဘယ်လောက်ကြီးကြီး ရာထူးတွေဘယ်လောက်မြင့်ုမြင့်
မိဘရှေ.ပြန်ရောက်သွားရင်တော့ ကလေးတွေအတိုင်းပြန်နေကြတာပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်း မိသားစုတိုင်း အေးချမ်းပျော်ရွှင် နိုင်ကြစေဖို.
အမြဲဆုတောင်းပေးနေတယ်။အိမ်ထောင်ရေး တည်မြဲနိုင်ကြဖို. မိသားစုလေးကို ခိုင်မြဲအောင် တည်ဆောက်ကြဖို. အိမ်ထောင်ရေးဖောက်ပြန်မှု.တွေက ရှောင်လွဲနိုင် ကြဖို. မိသားစုဝင်အားလုံးအတွက် အရေးကြီးပါတယ်။မိဘကို  မွန်မြတ်စွာ ပြန်လည်ပြုစုစောင့်ရှောက်ရမှာ ကသားသမီးကောင်းတို.ရဲ.
တာဝန်ပါပဲ။ဘာရယ်တော့မဟုတ်ပါဘူး စိတ်ထဲမှာ ခံစားမိတာလေးတွေကို ချရေးထားတာပါ ။
ဒီစာလေးထဲကနေပြီးတော့ သူငယ်ချင်းတို.အတွက် တခုခု တွေးစရာလေးရပြီး ကိုယ့်ရဲ.မိသားစုတွေကို ပိုပြီးချစ်ခင်နိုင်ကြစေ. မိသားစုအတွင်းချစ်ခြင်းမေတ္တာကို တည်ဆောက်ပြီး သာယာစိုပြေငြိမ်းချမ်းတဲ့ မိသားစုဘ၀လေးတွေကို ပိုင်ဆိုင်နိင်ကြပါစေလို. ရင်ထဲမှ လှိုက်လှဲစွာဆုတောင်းပေးလိုက်ပါတယ်။


လေးစားလျက်
နှင်းပွင့်

1 comment:

  1. လောဘ၊ဒေါသ၊မောဟ တွေနဲ့ မီးအလောင်ခံနေရတဲ့ လူလောကကြီးကို မိုးရိပ် ၊မိုးစက်သဖွယ် ငြိမ်းအေးသွားစေတာက မေတ္တာတရားပါ ..။
    .. လောကဓံကြောင့် ဘယ်လောက်ပင် ပူပင်သောကရောက်နေပါစေ မိဘရဲ့ အရိပ်အောက်မှာ ခိုလုံရရင် အဲဒီတဒဂ`်အတွင်း ပူပင်သောကတွေ မရှိတော့ဘူး .. မိဘတွေရဲ့ အနှိုင်းမဲ့ မေတ္တာတွေပေါ့ ..။
    ... မေတ္တာတရားတွေ မွန်းထုံနေတဲ့ ၊ သီချင်းလေးမှာပါတဲ့အတိုင်း နှလုံးသားတွေနွေးထွေးနေတဲ့ မိသားစုရဲ့အိမ်ကလေးကို ထပ်ဆင့်မွန်းမံ ထိန်းသိမ်းနိုင်သော သမီးရတနာ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ငါ့ညီမနှင်းပွင့်ရေ .....
    ...
    လေးစားလျက်
    အယ်ကို

    ReplyDelete