
“အဘတို. ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။
သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။”
ဧဖက်သြ၀ါဒစာ(၆း၎)
သားသမီးတွေက မိဘတွေအပေါ်ကို ၀တ္တရား၅ပါးနှင့် အညီ ပြုစုစောင့်ရှောက်သလို
မိဘတွေဘက်ကလဲ ပြန်ပြီး ဆောင်ရွက်ပေးရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
(၁)မကောင်းမှု.မှ တားမြစ်ရမယ်။
(၂)ကောင်းမှု.ကို ညွှန်ကြားရမယ်။
(၃)ပညာသင်ပေးရမယ်။
(၄)သင့်တော်တဲ့သူနဲ.ထိမ်းမြားပေးရမယ်။
(၅)သင့်တော်တဲ့အချိန်အခါမှာ အမွေပေးရမယ်။
ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်မြန်မာပြန်များ
မိဘတွေကလဲ ၀တ္တရား၅ပါးနဲ.ပြည့်စုံကြမယ်။သားသမီးတွေကလဲ သူတို.ရဲ.
ဝတ္တရား၅ပါးနဲ. ပြည့်စုံကြမယ်ဆိုရင် အရိယာတို.ရဲ. အဆုံးအမအရ အရှေ့အရပ်ဟာ
လုံခြုံတယ်၊ငြိမ်းချမ်းတယ်၊ဘေးကင်းတယ်လို.ခေါ်ပါတယ်။မိသားစုတိုင်းအေးချမ်းသာယာကြပါစေ။
နောက်ပို.စ်မှာ အနောက်အရပ်လုံခြုံရေး(လင်ယောင်္ကျား၊ဇနီးမယား)ကို ရေးပေးပါ့မယ်။
လေးစားလျက်
နှင်းပွင့်
No comments:
Post a Comment