Wednesday 6 July 2011

နှစ်ပတ်လည်

       
          နှစ်ပတ်လည်
အချစ်သည်သာလျှင်
ပျော်ရွှင်ကြည်နှုး  ရယ်ရွှင်ပြုံးလို.
အခန်းများစွာနဲ. နွေးထွေးတဲ့ အိမ်ကို
ဖန်တီးပေးနိုင်တယ်။
အချစ်သည်သာလျှင်
ကြည်နှုးခြင်းများထဲ ကြည်နှုးခြင်းများစွာကို
အစဉ်မပြတ် ဖြစ်ပေါ်စေနိုင်တယ်။
အချစ်သည်သာလျှင်
တောက်ပပျော်ရွှင်တဲ့ ထိမ်းမြားလက်ထပ်ခြင်းတွေကို
ပေါင်းစည်းပေးနိုင်တယ်။
အချစ်သည်သာလျှင်
ခင်ပွန်း ဇနီး အိမ်ထောင်ဖက်ကို
နှစ်ပေါင်းများစွာ ခိုင်မာမြဲလို.
   “နှစ်ပတ်လည်”
နေ.ပေါင်းများစွာကို ဆောင်ယူလာနိုင်တယ်။

နှစ်ပတ်လည်နေ.ကို ဥရောပအလယ်ခေတ်လောက်မှာ ဂျာမဏီနိုင်ငံကနေ စတင်
ဖြစ်ပေါ်လာတာလို.ရေးထားတာကို မှတ်သားမိပါတယ်။အိမ်ထောင်ဖက်အချင်းချင်းလဲ လက်ဆောင်ပစ္စည်းအမှတ်တရ ပေးကြတယ်။အရင်တုန်းကတော့ တိုင်းပြည်တွေ မတူတော့ လက်ဆောင်ပေးတဲ့ ဓလေ့လဲမတူကြဘူးပေါ့။အခုနောက်ပိုင်းကျတော့ နိုင်ငံအများစုကနေ လူသိများလာကြပြီး နှစ်အလိုက် နှစ်ပတ်လည်နေ.တွေကိုအမည်သတ်မှတ်ကျပြီး
လက်ဆောင်လေးတွေ ပေးကြတာဟာ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။
ကျမတို.အများစု သိကြတာက ငွေရတု၊ရွှေရတု၊စိန်ရတု လောက် သာသိကြပါတယ်။
အားလုံးကှိုဗဟုသုတအနေနဲ. နှစ်ပတ်လည်နှစ်နဲ. သူ.အထိမ်းအမှတ်လေးတွေကို ပြန်လည်
ဝေငှရမယ်ဆိုရင်
တနှစ် ...............စက္ကူ
နှစ်နှစ်...............၀ါဂွမ်း
သုံးနှစ်...............သားရေ
လေးနှစ်............ သစ်သီး (သို.မဟုတ်) ပန်း
ငါးနှစ်................သစ်သား
ခြောက်နှစ်........သံ
ခုနှစ်နှစ်...........သိုးမွေး (သို.မဟုတ်) ကြေးနီ
ရှစ်နှစ်............ကြေးညိုရောင်
ကိုးနှစ်..........မြေစေးအိုး
ဆယ်နှစ်......သံဖြူ(သို.မဟုတ်) ဒန်သတ္တု
ဆယ့်တစ်နှစ်......သံမဏိ
ဆယ့်နှစ်နှစ်......ပိုးချည်မျှင် (သို.မဟုတ်) လျှော်ဖြင့်ယက်ထားသောပိတ်စ
ဆယ့်သုံးနှစ်....ဇာ
ဆယ့်လေးနှစ်...ဆင်စွယ်
ဆယ့်ငါးနှစ်......ကျောက်သလင်း ခရစ်စတယ်
နှစ်နှစ်ဆယ်....ကြွေထည်ပစ္စည်း
နှစ်ဆယ်.ငါးနှစ်... ငွေ
နှစ်သုံးဆယ်.....ပုလဲ
နှစ်လေးဆယ်...ပတ္တမြား
နှစ်ငါးဆယ်......ရွှေ
နှစ်ခြောက်ဆယ်....စိန်

ဆိုပြီးတော့ နှစ်ပတ်လည်နှစ်အလိုက် ခွဲခြားထားပါတယ်။လက်ဆောင်ပစ္စည်းလေးတွေကိုလဲ
နှစ်အလိုက် သူနဲ.သက်ဆိုင်တဲ့ အမှတ်တရ ပစ္စည်းလေးတွေကို ဥရောပနိုင်ငံတွေမှာ
ပေးတတ်ကြပါတယ်။သူငယ်ချင်းများ သားသမီးများက သူတို.အတွက် လက်တွဲညီပြီး
လိုက်ဖက်တဲ့ ဘ၀ခရီးလမ်းတလျှောက် မှာ သာယာပျော်ရွှင်နိုင်ကြဖို. လက်ဆောင်၊
ဆုတောင်းမေတ္တာ ပို.သလေ့ရှိကြပါတယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။
မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ။ မြန်မာမြေမှာမွေး မြန်မာ့မြေမှာ ကြီးတဲဒို. မြန်မာလူမျိုးအားလုံး အစစအရာရာ အဆင်ပြေကြပါစေ။ပြည်တွင်းပြည်ပ မြန်မာလူမျိုးတိုင်း
ကိုယ့်မိသားစုကို ချစ်ခင်မြတ်နိုးနိုင်ကြပါစေ။

လေးစားလျက်
နှင်းပွင့်