Wednesday 23 February 2011

အိပ်မက်ရဲ.ည



အိပ်မက်ရဲ.ည
နှိပ်စက် ညှင်းပမ်း
အားငယ် ငိုကြွေး
ဟိန်းဟောက်မှု.ကင်း
စိုးရွံ.မှု.မရှိတဲ့
ကလေးတယောက်ရဲ.
အပြစ်ကင်းတဲ့ အိပ်စက်ခြင်းမျိုး
ငါလိုချင်တယ်
အိပ်မက်ထဲကို ၀င်လာကြတယ်
တန်ဖိုးထားတဲ့ ရိုးသားမှု.
စောင့်ထိန်းထားတဲ့ ကိုယ်ကျင့်သိက္ခာ
ချမှတ်ထားတဲ့ ပန်းတိုင်
ပိုင်ဆိုင်ထားတဲ့ မာနလေးနဲ. သတ္တိတွေကို
အသင့်ယူလာကြတဲ့ ဖျက်ဆီးခြင်းယာဉ်နဲ.အတူ
အဝေးကိုတပါတည်း ယူဆောင်ထွက်ပြေးသွားကြရဲ.
ရိုးသားမှု.ကို ပြန်ပေးပါ
ပန်းတိုင်လေးကို မဖျက်ဆီးပစ်ပါနဲ.
သတ္တိတွေကို ပြန်ပေးပါ
ကိုယ်ကျင့်သိက္ခာ မာနလေးကို ပြန်ပေးခဲ့ပါလို.
အသံတစာစာ ငါအော်ရင်းအော်ရင်း
အိပ်မက်ကနေ မိုးလင်းခဲ့ရပေါင်းများပြီလေ။


လေးစားလျက်
နှင်းပွင့်

1 comment:

  1. ခံစားအားပေးသွားတယ်နော်...ကဗျာလေးကို..ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

    ReplyDelete