Thursday 3 February 2011

ချစ်ခြင်း နှင့် ခြစ်ခြင်း


Angel Image 393744

'ချစ်ခြင်း ' သည်
အပြုသဘောကိုဆောင်၍
'ခြစ်ခြင်း 'သည်
အဖျက်သဘောကိုဆောင်သည်။
ကိုယ်၊ နှုတ်၊ စိတ်ဖြင့်
ကောင်းမှု.ကိုပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဖြစ်သည်။
ကိုယ်၊နှုတ်၊စိတ်ဖြင့်
မကောင်းမှု.ကို ပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ခြစ်ခြင်းဖြစ်သည်။
(ချစ်တတ်အောင်သင် စာအုပ်အမှာစာမှ)

ကိုယ်တိုင်ဝန်ခံချက်

လောကမှာ လူတိုင်း လူတိုင်း မိမိကိုယ်မိမိ ချစ်တတ်တဲ့ လူချည်းပါပဲ.
ဒါကလဲ ချစ်တတ်တယ်၊ ခံစားတတ်တယ်ဆိုတဲ့ စိတ်အသိလေးက
ကိုယ်နဲ.အတူတူ ရှိနေလို.ပါပဲ။ စိတ်ခံစားမှု.မရှိတဲ့ အသိဥာဏ်မရှိတဲ့လူကို
အရုးလို. လူတွေက သတ်မှတ်ကြတယ်။ ရုးနေတဲ့လူတစ်ယောက်မှာ
ဘာကိုမှ ခံစားတာ မရှိတဲ့ အတွက် နေချင်သလိုနေမယ်။
လုပ်ချင်တာတွေ လုပ်နေမယ်။လွတ်လပ်နေတယ်။
အသိဥာဏ်ဆိုတာ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်များကိုကောင်းစွာဆင်ခြင်သိမြင်တဲ့အတွက်
စိတ်ကောင်းတဲ့လူတွေကြတော့ စိတ်ရဲ. စေစားရာနောက်ကို လိုက်ပါနေကြပြီး
များပြားလှတဲ့ လူ.ဘောင်စည်းကမ်းတွေနဲ. ဘ၀ကို တရက်ပြီးတရက်ကျော်ဖြတ်နေ ရတယ်။
ဒီလိုနေနေ ရင်းနဲ. အသက်တွေက တဖြေးဖြေးကြီးလာတယ်။
ဘ၀မှာ ငါတို. မှတ်မှတ်ရရ ဘာတွေ လုပ်ခဲ့ကြ ပြီးပြီလဲ၊
ငါကိုယ်တိုင်နဲ. သူတပါးအတွက် ငါအခု ဘာကို ချစ်လို.
ဘာတွေကို ခြစ်ခဲ့ ပြီးပြီလဲ။ ကိုယ့်မိသားစုအတွက် ရှေ.အနာဂတ်တွေအတွက်
ဘာတွေများပြင်ဆင်ခဲ့ပြီးပြီလဲဆိုတဲ့အမေးများစွာကို ကိုယ့်ကိုယ်ကို ပြန်မေးကြသင့်တယ်
ချစ်တာနဲ. ခြစ်တာကို အရင်က မရေရာခဲ့တဲ့ ငါ
အခု ရေရေရာရာ သိပြီဆိုတော့ ဘာလုပ်မှာလဲ ။
အဖြေကတော့ တခုထဲ ထွက်တယ် မသိသေးတဲ့ သူငယ်ချင်းများအတွက်
မျှဝေပေးရမယ်ဆိုတာပဲ ။စာအုပ်တစ်အုပ်ထဲမှာရေးထားတာ က
လောကမှာ လူတွေက မသိလို.မှားကြတာ များတယ်တဲ့ သိသွားပြီးရင် မမှားကျတော့ဘူးတဲ့လေ။
မသိသေးတဲ့လူတွေကိုလဲ သိစေချင်ပါတယ်။သိပြီးသားလူတွေကိုလဲ ဗဟုသုတအနေနဲ. ပြန်ဖတ်စေချင်ပါတယ်။မွေးဖွားလာပြီးကထဲက သေဆုံးဖို. တရွေ.ရွေ. ပြန် သွားနေကြတာကိုမြင်ပြီး
ဘ၀ဆိုတာကတိုတောင်းပါတယ် ရှင်သန်နေရတဲ့အချိန်တိုလေးမှာ  ချစ်တဲ့ သူငယ်ချင်းများ အားလုံးကို
ရပင့်နဲ. ချစ်တတ်တဲ့ လူတစ်ယောက်ဆီတိုင်းဖြစ်နိုင်ကြပါစေလို. ဆုတောင်းပေးပါတယ်။

လေးစားလျက်
နှင်းပွင့်

1 comment:

  1. ညီမရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ....
    .. ချစ်ခြင်းမေတ္တာတရားဟာ သူတော်ကောင်းဂုဏ်ရည်ကို တိုင်းတာသတ်မှတ်ပေးနိုင်တဲ့ (စံ)တခု၊ ပေတံတချောင်းပေါ့နော် ။
    .. ခြစ်ခြင်း အဖျက်တရားဟာ လူ့နှလုံးသားမဲ့သူတွေ၊ ဟန်ဆောင် စိတ်ထားတတ်သူတွေရဲ့ ပုန်းလျှိုထားတဲ့ ဓါးလက်နက်ပေါ့နော် ။
    ....
    ... ညီမပြောသလိုပဲ ကိုယ့်ကိုယ်ကိုလည်း ပြန်စဉ်းစား ကြည့်မိတယ် .. ကိုယ့်ကိုယ်ကိုရယ်၊ အခြားသူတွေကိုရယ် ဘယ်လောက် ချစ်ပြီး၊ ဘယ်လောက် ခြစ်မိခဲ့သလဲလို့ပေါ့လေ။
    ... ချစ်ခြင်းမေတ္တာတရားဆိုတဲ့ စိမ့်စမ်းရေသန့်သန့်လေးတွေ ကျနော်တို့ လူ့နှလုံးသွေးသားထဲ အစဉ်စီဆင်းပါစေလို့ ... ညီမရေ ...။

    ... လေးစားလျက် ..
    အယ်ကို..။

    ReplyDelete