Tuesday 21 September 2010

ကောင်းတာလေးတွေ တွေးကြပါစို.

ကောင်းတာလေးတွေတွေးပြီး ကောင်းတဲ့စိတ်လေးထားကြပါစို.
ဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတွေထဲက အရေးအသားကောင်းလေးတွေကို
သူငယ်ချင်းတို.တွေကိုလဲဝေမျှပေးချင်ပါတယ်
ပန်းရဲ.မွေးရနံ.လေးတွေကို လေညှင်းလေးကဆောင်နှင်းပေးသလို
ကောင်းသတင်းလေးတွေကိုလဲ လူသားချင်းလက်ကမ်းလို.ပေးကြပါစို.
ကောင်းတာလုပ်နေသရွေ.တော့ ကောင်းတယ်ဆိုတဲ့စိတ်ကလေးကိုခံစားနေမိကြမှာပါ
အဖေအမြဲပြောတဲ့ စကားလေးတစ်ခွန်းရှိပါတယ်
        (တာဝန်သိရင် တာဝန်ရှိတယ်တဲ့)
စကားလေးကတော့ တိုတယ် ဒါပေမဲ့ မှတ်သားစရာ အပြည့်ပါတယ်
ဒီနေ.ကမ္ဘာမှာလူတိုင်းသာ ကိုယ့်ရဲ.ကျရာတာဝန်ကျေပွန်မယ်ဆိုရင်လေ
လောကကြီးတခုလုံး ဘယ်လောက်တောင် သာယာချမ့်းမြေ.လိုက်မလဲရှင်
အဖေကလဲ အဖေတာဝန်ကျေ၊ အမေကလဲ အမေတာဝန်ကျေ၊
သားသမီးများကလဲ သားသမီးတာဝန်ကျေ။
တိုင်းရင်းသားလူမျိုး အားလုံးကလဲ ကိုယ့်ရဲ.တာဝန်တွေကျေပွန်ကျမယ်ဆိုရင်ဖြင့်လေ...................
ပျော်ရွင်ချမ်းမြေ့လှပတဲ့ လူ.ကမ္ဘာဆိုတာ ဖြစ်လာမှာဧကန်မလွဲပေါ့ရှင်
ကျမရဲ. စာမျက်နာလေးကို  အချိန်ယူပြီးစာလာဖတ်သွားတဲ့သူငယ်ချင်းတို.အတွက် အလင်းတစက်ကလေးပေးနိုင်တယ်ဆိုရင်ပဲ ကျေနပ်ရပါပြီ။



ဖြူစင်သောမေတ္တာဖြင့်
နှင်းပွင့်

1 comment:

  1. အတိုဆုံးပြောရရင် လူအတော်များများ တာဝန်ကိုသိဖို့အားနဲတာ လောဘ ကြောင့် ထင်တယ်.... အသိစိတ်ကမဟုတ်ရင်တောင် မသိစိတ်ရဲ. "ငါ " တွေရှိနေလို.ပဲ ... တာဝန်လေ ဝန်ဆိုတာတော့ရှိမယ်.... ငါလဲအများကြီးလိုပါသေးတယ် weight ကိုနဲနဲစီ မကျင့်နေတုံး နဲနဲစီတင်လာပြီပေါ့..... အရင်နဲနဲပဲ မနိုင်ပေမဲ. အခုပိုမနိုင်နေပြီ... အဲဒါအလေ.အကျင့်ပဲ....:P i hope u can understand what i mean..i don't know much just i put a commet.hamm! Thanks Gyan Pone. u can make me as a remind..still i m trying ...and climbing..

    ReplyDelete