Thursday 29 July 2010

မေတ္တာ ငတ်မွတ်လို.သေဆုံးနေရသူတွေ

ဒီနေ.ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံးဟာ
တီဘီလည်း မဟုတ်ဘူး၊
အနာကြီး ရောဂါလည်း မဟုတ်ဘူး ။
နှစ်သက်လိုလား သူမရှိတာ၊
မေတ္တာထားခြင်း ကြည့်ရှူ.စောင့်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ။
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများပေးလို.ရပေမဲ့
အထီးကျန်ခြင်း စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့
မေတ္တာတရားနဲ.သာကုစားနိုင်ပါတယ်
ဒီနေ.ကမ္ဘာမှာ
ပေါင်မုန်.တစ်ဖဲ့အတွက် အသက်ငင်သူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို.
သေဆုံးကြမဲ့ လူတွေကလည်း
ဒုနဲ.ဒေးပါ

မာသာထရီှးဇာ

1 comment:

  1. ညီမရေ...မေတ္တာငတ်လို့သေဆုံးနေရသူတွေ တဲ့လား... သနားစရာရယ်နော်....။...... တချို့တွေက (မေတ္တာ)မှာ ၁၅၀၀ နဲ့ ၅၂၈ ကိုနိုင်းယှဉ်တတ်ကြတယ်။မေတ္တာရဲ့ အရင်းခံသဘောကို လေးနက်စွာ မစဉ်းစားဘဲ အယူအဆလွဲကာ တမျိုးတစားတည်း ထားတတ်ကြတယ်။ သန့်ရှင်းစင်ကြယ်သော၊ စိတ်ကောင်းစိတ်မြတ်သော သဘောဆောင်တဲ့ (၅၂၈) မေတ္တာ မှသာ လူ၊ သတ္တဝါ တွေရဲ့ စိတ်ပူလောင်ပင်ပန်းစေခြင်းကို ကင်းစေနိုင်တယ်။ အထီးကျန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်း၊
    မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကို ကုပေးနိုင်တဲ့ အကန့်အသတ်မဲ့ ခွန်အားတစ်ခု ဖြစ်တယ်နော်...
    ......
    .... မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ညီမ အမြဲပျော်ရွှင်ပါစေ...

    ..လေးစားလျက်...
    (အမ)

    ReplyDelete