Sunday 14 November 2010

အဖြူုရောင်ကြယ်ပွင့်သစ္စာ



အဖြူရောင်ကြယ်ပွင့်သစ္စာ

ညလေးတစ်ည
မှောင်မိုက်နေတဲ့  ကောင်းကင်ကြီးပေါ်က
တလက်လက်လင်းနေတဲ့ ကြယ်လေးတွေကိုမှ 
ငါက အားကျမိပါရဲ.
အားကျနေချိန်မှာပဲ ကြယ်တာရာအပေါင်းက
ပိုကာပိုကာ ခြံရံလင်းလက်လာပြန်ရော
မှိုင်တွေနေတဲ့ ငါ့စိတ်လေးကို
လင်းလက်သွားအောင် ဘယ်နက္ခတ်အားကိုးနဲ.များ
ပြုစားလိုက်တာလဲလို. ညအတွက် အလင်းရောင်ပေးဝေနေတဲ့
အဖြူရောင် ကြယ်ပွင့်လေးတွေကို ကြည့်ရင်း
တစ်ယောက်ထဲ တီးတိုးမေးနေမိပါရဲ.
ငါ့ကိုသတ်
ငါ့ရင်ဘတ်ကိုခွဲပြီး
ငါ့နှလုံးသားကို ထိုးခွဲဖောက်လှန်ကြည့်မယ်ဆိုရင်တောင်
ငါ့နှလုံးသားထဲမှာ ကျစ်ကျစ်ပါအောင် သိမ်းဆည်းထားတဲ့
အဖြူရောင်ကြယ်ပွင့်လေးတွေကိုပဲ တွေ.ကြရလိမ့်မယ်
တကယ်တော့  ဒါဟာ
ငါ့ရဲ.မြတ်နိုးမှု.တစ်ခုအပေါ် အကြွင်းမဲ့သစ္စာရှိနေခြင်းပါပဲ။


လေးစားလျက်
နှင်းပွင့်






3 comments:

  1. လင်းကြက်တွေ မနိုးကြပါနဲ့အုံး ..
    သန်းခေါင်ယံလည်း မပျောက်ဆုံးသေးပါနဲ့အုံး ..
    အကယ်၍ .. သန်းခေါင်ယံပျောက်ဆုံး
    ကြယ်လုံးလုံးခခဲ့ရရင် ရောင်နီမနက်ရဲ့
    သွေဖီရာ ရာသီတစ်ကြောမှာ ..
    ကြယ်လေးတွေရဲ့ ဟိုး ..ဟိုအဝေးမှာ
    ညီမ နှင်းပွင့် တစ်ယောက်ထဲရွက်လွှင့်မနေစေချင်ဘူး ..
    ကြယ်တောက်တဲ့ညဟာ ညီမနှင်းပွင့် ဘ၀ဆိုရင် ... ထွက်ပြူလင်းမဲ့ကြယ်တစ်စင်း
    ဆောင်ကျဉ်းလှည့်ပါ ..ကြယ်လေးရဲ့အကြွင်းမဲ့ သစ္စာရှင် ငါ့ ညီမ နှင်းပွင့်ဆီကို ...။ ....

    လေးစားလျက်ပါ ..
    .......
    အယ်ကို.

    ReplyDelete
  2. ကျေးဇူးပါ အကို

    ReplyDelete
  3. ကဗျာလေးကောင်းလိုက်တာ

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete