Sunday, 22 May 2011
လက်ထပ်ပွဲ
ထိမ်းမြားလက်ထပ်ခြင်းဆိုတာ လူတိုင်းရဲ.ဘ၀မှာ အရေးကြီးဆုံးပါ။
အချင်းချင်း မြတ်နိုးစုံဖက်ကြလို.ပဲဖြစ်ဖြစ် ၊မိဘချင်းသဘောတူလို.ပဲဖြစ်ဖြစ် လက်ထပ်ပြီးရင်တော့ မိသားစုဘ၀တစ်ခုကို  ထူထောင်ကြရမှာ မလွဲမသွေပါ။အနောက်နိုင်ငံတွေမှာတော့
လက်မထပ်ခင် living together နေထိုင်မှု.နှုန်း က
တနေ.တခြား များပြားလာပါတယ်။ အာရှ နိုင်ငံအများစုကတော့ မိမိ တို.ရဲ.ရိုးရာ ယဉ်ကျေးမှု.များကို
ထိန်းသိမ်းပြီး လက်မထပ်ခင် အတူနေလေ့မရှိကြတာကလဲ ဂုဏ်ယူစရာတစ်ခုပါ။တစ်သက်မှာ တစ်ခါသာ
ဆောင်တဲ့ ပွဲဆိုပြီး တတ်နိုင်တဲ့သူတွေကတော့ တတ်နိုင်သလို အကုန်အကျခံပြီး ဆင်နွဲကြလေ့ရှိပါတယ်။
၁၅၅၂ ခုနှစ်မှစတင်ပြီး အင်္ဂလန်အသင်းတော်ဘုရားကျောင်းများမှာ ထိမ်းမြားလက်ထပ်ပေးတဲ့အခါ
“ယခုနေ.မှစတင်ပြီး ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်။ချမ်းသာလို.ပဲဖြစ်ဖြစ်၊ဆင်းရဲလို.ပဲဖြစ်ဖြစ်။
ကျန်းမာလို.ပဲဖြစ်ဖြစ်၊နာမကျန်းဖြစ်လို.ပဲဖြစ်ဖြစ် အသက်သေဆုံးခွဲခွာ ချိန်အထိ အချင်းချင်း မြတ်
နိုးစွာနဲ. ချစ်ခင်သွားကြပါမယ်လို.” ဆိုပြီး မင်္ဂလာမောင်မယ်အတွက် ထိမ်းမြားလက်ထပ်ခြင်း သစ္စာအဓိဋ္ဌာန် ကို ရွတ်ဆိုပေးခဲ့ပါတယ်။ ခရစ်ယာန်လူမျိုးတွေရဲ့ အယူကတော့ လက်ထပ်ခြင်းဆိုတာ ဘုရားသခင်ဆီက လက်ဆောင်ပါ။မိသားစုဘ၀တခုကိုစတင်ထူထောင်တာလဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားရှေ.မှာ လက်ထပ်ကြတာ အရမ်းအရေးကြီးတယ်။ လက်ထပ်တယ်ဆိုတာ ချစ်ခင်မြတ်နိုးခြင်းကို လူတွေရှေ.မှာ အတိအလင်းကြေငြာတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်တဲ့။ဘုရားကျောင်းမှာ လက်ထပ်ပြီး မိသားစုတွေရှေ. မိတ်ဆွေအပေါင်းအသင်းတွေရှေ.မှာ အချင်းချင်း ကတိသစ္စာဝတ်ပြုကြရပါတယ်။
ဒါကတော့ အနောက်နိုင်ငံက မင်္ဂလာဆောင်အခမ်းအနားတစ်ခုပါ။ဂူဂယ်ထဲကရှာထားတာပါ။
မြန်မာ မင်္ဂလာအခမ်းအနားဝတ်စုံလေး
အပေါ်ဆုံးက ပုံလေးကတော့ ဆိုက်ပရပ်စ်ဘုရားကျောင်းလေးထဲမှာ လုပ်တဲ့ ပန်းပွဲတော်က
မင်္ဂလာဆောင်ဝတ်စုံနဲ.ပန်းအပြင်အဆင် ဒီဇိုင်းပုံလေးပါ.ကိုယ်ပိုင်လက်ရာပေါ့။ရေးတဲ့စာတွေထဲ
က အမှားအယွင်းတစုံတခုပါရှိခဲ့ရင် သီးခံပေးကြပါလို.။အေးချမ်းသာယာတဲ့မိသားစု ဘ၀ကိုယ်စီ
ပိုင်ဆိုင်နိုင်ကြပါစေ။
လေးစားလျက်
နှင်းပွင့်
Tuesday, 3 May 2011
မေတ္တာစက်ဝိုင်း
မေတ္တာစက်ဝိုင်းလေးအတွင်းမှာ အားလုံးပေါင်းစည်းကြပါစို.။
အလျား အနံမရှိပေမဲ့ အသွားအပြန်ရှိမှာကတော့ မေတ္တာပါပဲ။
နှင်းပွင့်တို.မိသားစုလေးမှာ မိဘတွေက ဘာသာမတူကြပါဘူး။
ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြလို. လက်ထပ်ခဲ့ကြတယ်။
လူလူချင်းချစ်ခင်ပေါင်းသင်းတဲ့နေရာမှာ ဘာသာခြင်းပေါင်းတာ မဟုတ်တဲ့အတွက် အမိုးနဲ.
အပါးက ကိုယ့်ရဲ.ယုံကြည်ရာဘာသာကို ကိုယ့်ဘာသာကိုးကွယ်ကြတာပါပဲ။အမိုးလဲသူ.ဘာသာထဲ
အပါးကိုဝင်ပါလို.အကြပ်မကိုင်သလို အပါးကလဲ အမိုးကို ဘာသာပြောင်းဖို.တခါမှမပြောခဲ့ဘူးတာ အခုနှင်းပွင့်တို. ညီအမ တစ်သက်ပါပဲ။ ချစ်တဲ့သူတွေ ဘာသာမတူလို.ဝေးကြတယ် လူမျိုးမတူလို.ကွဲကြရတယ်လို. ကြားရရင် တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်။ ချစ်တဲ့လူတိုင်း နားလည်မှူ.တည်ဆောက်ပြီး ကိုယ်ချစ်တဲ့လူနဲ.အတူပျော်ရွှင်တဲ့မိသားစုတွေကို ဘာလို.မတည်ဆောက်နိုင်ရမှာလဲ။
အပါးက နှင်းပွင့်တို.ညီအမကို ငယ်ငယ်လေးထဲက အမြဲဆုံးမတဲ့စကားလေးတစ်ခွန်းက
သမီးတို.ရေ လောကကြီးမှာ ငါ့လူမျိုးသာလျှင်မြင့်မြတ်၊ငါ့ကိုးကွယ်တဲ့ဘာသာသာလျှင်အကောင်းဆုံးလို.ကြွေးကြော်ပြီး လုပ်ရပ်တွေဟာ ဆိုးညစ်နေမယ်၊ကိုယ့်ကြောင့်သူများတွေ ဒုက္ခရောက်ရတယ်ဆိုရင် လူရယ်စရာဖြစ်တတ်တယ်တဲ့ အဲ့တော့ သမီးတို.လဲ ကိုယ့်ရဲ.ယုံကြည်တာကို ကိုးကွယ်ပါ၊
ကောင်းတာတွေကို တတ်နိုင်သလောက်ကြိုးစားလုပ်ပါ ကိုယ့်မိသားစု၊ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်ကြောင့်ထိခိုက်ပျက်ဆီးအောင်မလုပ်မိပါစေနဲ.ကိုယ့်ကိုကိုယ်မညာမိပါစေနဲ.သူများဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် မပုတ်ခတ်ရဘူးတဲ့.နှင်းပွင့်တို.အိမ်မှာ ဘုရားရှိခိုးတဲ့နေရာ ၂ နေရာရှိပါတယ်။အိမ်မှာ ခရစ်စ္စမတ်ပွဲလဲလုပ်တယ်။အမိုးကကိုယ်တိုင်ချက်ပေး ၊တရားဟောတော့လဲအမိုးက
ဝင်နားထောင်တာပဲ။မနက်တိုင်းအိမ်ကို ဆွမ်းခံကြတဲ့ ဘုန်းကြီးတွေကို အပါးကအမိုးမရှိရင်ဆွမ်းလောင်းတာပဲနှင်းပွင့်တို.ညီအမလဲ ကူညီကြတာပဲ။
တစ်လတစ်ခါ ဘုန်းကြီးကျောင်းကို အပါးပဲဆွမ်းချိုင့်သွားပို.တာပဲ။
အမိုးနဲ.အပါးတို.ရဲ.အိမ်ထောင်ရေးဟာ အခုအနှစ်၃၀ တိုင်ခဲ့ပါပြီ။တခါတလေတော့လဲသူတို.စိတ်အခန်.မသင့်ကြတာရှိတာပဲ။ခဏပါပဲ။နောက်တော့လဲ ပြန်တည့်ပြီးပြုံးရယ်လို.။
အမိုးနဲ့အပါးတို.မင်္ဂလာနှစ်ပတ်လည်နေ.မှာ အတူတူမရှိနိုင်ပေမဲ့ အဝေးရောက်သမီးတွေကတော့ အမိုးအပါးတို.ရဲ.ပျော်ရွှင်ကြည်နှုးတဲ့မင်္ဂလာနှစ်ပတ်လည်နေ.ပုံရိပ်လေးတွေကို စိတ်ကူးနဲ.မြင်ယောင်နေမိပါတယ်။သူငယ်ချင်းများအားလုံးလဲမေတ္တာစက်ဝိုင်းနှင့်အတူ ပျော်ရွှင်တဲ့ မိသားစုဘ၀တွေကိုချစ်ခြင်းမေတ္တာများဖြင့်.ပိုင်ဆိုင်နိုင်ကြပါစေလို. ဆုတောင်းပေးပါတယ်။
လေးစားလျက်
နှင်းပွင့်
စာကြွင်း။နှစ်၃၀ပြည့်မင်္ဂလာနှစ်ပတ်လည်နေ.အမှတ်တရသမီးကြီးမှ အမိုးနှင့်အပါးသို.
Saturday, 23 April 2011
အားလုံးရဲ. ဖေဖေနဲ.မေမေ
သီချင်းလေးတွေ နားထောင်ပြီးဖေဖေနဲ.မေမေကို အရမ်းလွမ်းပါသည်။
အားလုံးရဲ.ဖေဖေ မေမေတိုင်းရွှင်လန်းကျန်းမာကြပါစေလို.ဆုတောင်းပေးပါတယ်။
လေးစားလျက်
နှင်းပွင့်
Wednesday, 6 April 2011
မြန်မာပြည်သား
အဖြူရောင် မေတ္တာတရား
စိတ်ဝယ် အစဉ်သိမ်းထား
ဒို.ပတ်ဝန်းကျင်အား
ဖြန်.ကျက်ကြစို.လား။
ရှေးဘိုးဘွားတို.အမွေ
မျိုးဆက်သစ်တို. တတွေ
ရင်မှာ အဓိဋ္ဌာန်ထား
စောင့်ထိန်းကြစို.လား။
မြန်မာလူမျိုးရဲ. ဓလေ့
ဘယ်ကိုရောက်ရောက် မမေ့
တိုင်းရင်းသားတို.များ
ဂုဏ်ယူကြစို.လား။
လူမျိုးခြားတွေ ကြား
ဒို.အကျင့်သိက္ခာ အား
မယိုင်မလဲဖို.ထား
ခိုင်မာကြစို.လား ဒါမှ ဒို.မြန်မာပြည်သား။
လေးစားလျက်
နှင်းပွင့်
Friday, 1 April 2011
မေတ္တာတရားနဲ. ပြည့်ဝတဲ့ မိတ်ဆွေစစ်တာဝန်
မေတ္တာစိတ်သည် လျှို.၀ှက်ခြင်းနှင့်ကင်းစေလော့။ဆိုးညစ်သောအမှုကို စက်ဆုပ်ရွှံရှာကြလော့။
ကောင်းမွန်သောအမှု၌မှီဝဲဆည်းကပ်ကြလော့။ညီအကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို.
တယောက်ကိုတယောက်စုံမက်ကြလော့။ချီးမွှမ်းခြင်းအရာမှာ သူတပါးကို ကိုယ့်ထက်ချီးမွှမ်းကြလော့။
သင်တို.ကို ညှင်းဆဲသောသူတို.အဘို.ကျိန်ဆဲခြင်းကိုမပြု မေတ္တာပို.ကြလော့။ဝမ်းမြောက်သောသူတို.
နှင့် ၀မ်းမြောက်ခြင်းကို ၄င်း၊ငိုကြွေးသောသူတို.နှင့်အတူ ၏ငိုကြွေးခြင်းကို၎င်းပြုကြလော့။ချစ်သူတို. သူတစ်ပါးသည်သင်တို့ကိုပြစ်မှားလျှင်ကိုယ်တိုင်အပြစ်ပြန်၍မတုံကြနှင့်။အမျက်တော်ကိုအခွင့်ပေးကြ
လော့။သင်၏ရန်သူသည်မွတ်သိပ်လျှင်လုပ်ကျွေးလော့။ရေငတ်လျှင်သောက်စရာဖို့ပေးလော့။
အဆိုးအားဖြင့်အရှုံးမခံနှင့်။အကောင်းအားဖြင့်အဆိုးကိုနိုင်လော့။အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး
အဘယ်ကြွေးမျှမတင်စေနှင့်။သူတပါးကိုချစ်သောသူသည်အကျင့်တရားနှင့်ပြည့်စုံပြီ။အကြောင်းမှုကား သူ.မယားကိုမပြစ်မှားနှင့်၊လူ.အသက်ကိုမသတ်နှင့်၊သူ.ဥစ္စာကိုမခိုးနှင့်၊မမှန်သော သက်သေကို မခံနှင့်၊သူ.ဥစ္စာကိုတပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသောပညတ်မှစ ၍အခြားသောပညတ်ရှိသမျှတို.သည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသောပညတ်တခု၌ အပါအ၀င်ဖြစ်ကြ၏။
ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကိုမဖျက်ဆီးတတ်။
ထိုကြောင့်ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာဖြစ်သတည်း။
ရောမသြ၀ါဒစာ ၁၂-၁၃
ဆဋ္ဌသင်္ဂါယနာတင်ပိဋကတ်တော်မြန်မာပြန်ထဲမှာတော့မိတ်ဆွေကိုမြောက်အရပ်နှင့်တင်စားလို.ထားပါတယ်။အမျိုးကောင်းသားတစ်ဦးဟာမိမိရဲ. မိတ်ဆွေခင်ပွန်းပေါ်မှာ ပြုစုရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
၁။ပေးကမ်းစွန်.ကြဲရမယ်။
၂။ချစ်ဖွယ်သောစကားကို ဆိုရမယ်။
၃။မိတ်ဆွေရဲ. အကျိုးစီပွားကို ဆောင်ရွက်ရမယ်။
၎။မိမိနဲ.ထပ်တူထပ်မျှဆက်ဆံရမယ်။
၅။ပေးကမ်းနေကျပစ္စည်းဥစ္စာများကိုပျက်ကွက်ခြင်းမရှိဘဲ ပေးကမ်းရမယ်။
 ဒီလို ၀တ္တရား၅ပါးနဲ.ပြည့်စုံတဲ့ အမျိုးကောင်းသားအပေါ်ကို မိတ်ဆွေတွေက တဖန်ပြန် လုပ်ပေးရမဲ့
ဝတ္တရား၅ပါးရှိပြန်ပါတယ်။
၁။မူးယစ်တဲ့မိတ်ဆွေကို စောင့်ရှောက်ရမယ်။
၂။မူးယစ်တဲ့မိတ်ဆွေရဲ.ပစ္စည်းဥစ္စာကိုစောင့်ရှောက်ရမယ်။
၃။ကြောက်တတ်တဲ့မိတ်ဆွေရဲ. အားကိုးရာ ဖြစ်ရမယ်။
၎။ဘေးအန္တရာယ်နဲ.ရင်ဆိုင်တွေ.တဲ့အခါ မစွန်.ပစ်ရဘူး။
၅။ဒီမိတ်ဆွေရဲ. သားမြေးအဆက်ဆက်ကိုလဲ တုံ.ပြန်ချီးမြှောက်ရမယ်။
အမျိုးကောင်းသားကလဲ ၀တ္တရား၅ပါးနဲ.ပြည့်စုံတယ်။မိတ်ဆွေတွေကလဲ သူတို.၀တ္တရား၅ပါးနဲ.ပြည့်စုံမယ်ဆို
ရင်မြောက်အရပ်ဟာ လုံခြုံတယ်။ငြိမ်းချမ်းတယ်။ဘေးကင်းတယ်လို.ခေါ်တယ်။
ဒီစာလေးကို ဖတ်မိတဲ့သူငယ်ချင်းများတယောက်စီတိုင်းလဲ ကိုယ်ရဲ.မိတ်ဆွေတွေအပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုယ်စီနဲ.စောင့်ရှောက်နိုင်ကြပါစေလို.လှိုက်လှဲစွာ ဆုတောင်းပေးပါတယ်။
လေးစားလျက်
နှင်းပွင့်
Sunday, 27 March 2011
မေတ္တာတရားနဲ.ပြည့်ဝတဲ့မိသားစုလေးဖြစ်ဖို. အိမ်ထောင်သည်တာဝန်
couple
family
အချင်းမိန်းမတို. သခင်ဘုရား၏အုပ်စိုးတော်မှုခြင်းကိုဝန်ခံသကဲ့သို. ကိုယ့်ခင်ပွန်း၏
အုပ်စိုးခြင်းကို ၀န်ခံကြလော့။ အကြောင်းမှုကား ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မှုသကဲ့သို.ယောင်္ကျားသည်မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မှုခြင်းကို ၀န်ခံသကဲ့သို.မိန်းမတို.လည်း
ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌၀န်ခံကြရမည်။
အချင်းယောင်္ကျားတို.ခရစ်တော်သည်အသင်းတော်ကိုချစ်တော်မှုသကဲ့သို.သင်တို.လည်း ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။ယောင်္ကျားတို.သည်မိမိကိုယ်ကိုချစ်သကဲ့သို.မိမိခင်ပွန်းတို.ကိုချစ်ရကြမည်။ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ယောင်္ကျားသည်
ကိုယ့်မိဘကိုစွန်.၍ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်ထိုသူနှစ်ယောက်တို.သည်တသားတကိုယ်တည်း
ဖြစ်ရလိမ့်မည်။ဤအရာသည်အလွန်နက်နဲသောအရာဖြစ်ပေ၏။သင်တို.သည်အသီးသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို.ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။
မိန်းမသည်လည်းကိုယ့်ခင်ပွန်းကိုရိုသေခြင်းရှိစေလော့။”
ဧဖက်သြ၀ါဒစာ ၅
အိမ်ထောင်သည် လင်ယောင်္ကျားအနေနဲ.ဆောင်ရွက်ရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
၁။မယားကိုအမြတ်တနိုးခေါ်ရမယ်။
၂။နှိမ့်ချပြီး မခေါ်ရဘူး။
၃။မိမိမယားကိုလွန်ပြီး ၊ တခြားမိန်းမတွေနဲ.မပျော်ပါးရဘူး။
၎။မယားဟာမီးဖိုချောင်ကို အုပ်ချုပ်ဖို.တာဝန်လွှဲပေးရမယ်။
၅။ထိုက်တန်တဲ့အ၀တ်တန်ဆာကို ပေးရမယ်။
 ထို.နည်းအတူ ဇနီးမယားအနေနှင့်လဲ ဆောင်ရွက်ရမဲ့ဝတ္တရား၅ပါးရှိပါတယ်။
၁။အမှုကြီးငယ်ကိုကောင်းစွာ စီရင်ရမယ်။
၂။နှစ်ဖက်သောဆွေမျိုးများကိုလဲချီးမြှောက်ရမယ်။
၃။မိမိလင်မှတစ်ပါး အခြားယောင်္ကျားတွေနဲ.လွန်ကျုးတဲ့ အကျင့်တွေက ကင်းရမယ်။
၎။ယောင်္ကျားရှာဖွေပေးတဲ့ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။
၅။ကိစ္စအားလုံးမှာ လိမ္မာပြီး ပျင်းရိခြင်းကင်းရမယ်။
လင်ယောင်္ကျားကလဲသူ.၀တ္တရား၅ပါးနဲ.ပြည့်စုံမယ်၊မယားကလဲ သူ.၀တ္တရား၅ပါးနှင့်
ပြည့်စုံမယ်ဆိုရင် အရိယာတို.ရဲ.အဆုံးအမအရ အနောက်အရပ်ဟာ လုံခြုံတယ်
ငြိမ်းချမ်းတယ် ဘေးကင်းတယ်လို.ခေါ်ပါတယ်။
ဒီ Family with love  ဘလော့ကို ၂၀၁၀ ဇန်န၀ါရီမှာ စပြီး လုပ်ဖြစ်တာပါ။ အမှတ်တရ စိတ်ခံစားမှုတွေ မိသားစုအကြောင်းလေးတွေ ရေးမယ်ဆိုပြီး ကိုယ့်ဘာသာကို လျှောက်လုပ် ခေါင်းတွေမူးရင်းနဲ. ဒီဘလော့လေး နောက်ဆုံးတော့ဖြစ်လာပါတယ်။ စာဖတ်တာကို အရမ်းဝါသနာပါပါတယ်။
ဘလော့ရေးတဲ့ အကိုတွေ အမတွေ ကိုလဲ စာရေးကောင်းလို. အားကျမိတယ်။ကိုယ်.ဘာသာကို ဘလော့နာမည်ရွေးပြီး အရမ်းကို သဘောကျတယ်။ တကယ့်ကို ရင်ထဲကနေ ချစ်ခြင်းမေတ္တာနဲ.
ပြည့်ဝတဲ့ မိသားစုဘ၀လေးကို အရမ်းတန်ဖိုးထားတယ်။ မိသားစုတိုင်း ကို စစ်မှန်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ.ပြည့်ဝစေချင်တယ်။လူမှု.ပတ်ဝန်းကျင်မှာနေ.စဉ်တွေ.နေရတဲ့ သောကတွေ စိတ်ဆင်းရဲမှု.တွေ နာကြင်ခံစားမှု.တွေ မပြေလည်မှု. များစွာတွေကို ကျမတို. အားလုံး မြင်တွေ.ခံစားဖူးကြမှာပါ။အဲ့လို အချိန်တွေမှာဆို မိသားစုလေးအတွင်းမှာ မေတ္တာတရားက ပုန်းရှောင်နေတတ်ပါတယ်။ မေတ္တာဆိုတာ  စိတ်ရှည်တတ်၏ သီးခံတတ်၏ ဂုဏ်ပြိုင်ခြင်းမရှိ
အမြတ်ဆုံးပါ) မေတ္တာဆိုတာ ဖောက်ပြန်ခြင်းသဘောနဲ. အစဉ်ကင်းလွှတ် ပါတယ်။
ချစ်ခြင်းမေတ္တာနဲ.ပြည့်ဝတဲ့မိသားစုလေးဖြစ်ဖို.မိဘတွေကလဲ အရေးကြီးပါတယ်။သားသမီးတွေကို ပုံသက်သေကောင်းများပြသဖို. လိုပါသည်။ထို.ကြောင့် စာပေအသိပညာနှင့်လဲပြည့်ဝမှု.ရှိရပါမယ်။ဆရာဖေမြင့်က  လူသည်မနက်ထက် ညမှာ ပညာပိုရှိရမည်၊ မနေ.ကထက်ဒီကနေ.
အသိဥာဏ်သာရမည်၊အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်၊
ထို.အတွက် စာဖတ်ခြင်းတနည်းသာရှိသည် ဟူ၍ လမ်းညွှန်ထားပါသည်။လူတိုင်း မသိရင်တော့မှားတတ်ကြတာ လောကဓမ္မတာပါ။ကိုယ့်တာဝန်ကို ကိုယ် သိရပါမည်။
တာဝန်သိရင်တာဝန်ရှိပါသည်။အသိကို သတိနဲ.သာ ထိန်းပြီး မေတ္တာတရားတွေ လွှမ်းခြုံနေပြီဆိုရင်ဖြင့် ကျမတို.လူမှုပတ်ဝန်းကျင်မှာ သာယာပျော်ရွှင်ပြီးချစ်ခြင်းမေတ္တာတွေနဲ.ပြည့်ဝတဲ့ မိသားစုတွေ ဖြစ်လာကြမှာ ဧကန်မလွှဲပင် ။။။။။။
လေးစားလျက်
နှင်းပွင့်
Friday, 18 March 2011
မေတ္တာတရားနဲ. မိသားစုလေးဖြစ်ဖို.မိဘတာဝန်
family
“အဘတို. ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။
သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။”
ဧဖက်သြ၀ါဒစာ(၆း၎)
သားသမီးတွေက မိဘတွေအပေါ်ကို ၀တ္တရား၅ပါးနှင့် အညီ ပြုစုစောင့်ရှောက်သလို
မိဘတွေဘက်ကလဲ ပြန်ပြီး ဆောင်ရွက်ပေးရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
(၁)မကောင်းမှု.မှ တားမြစ်ရမယ်။
(၂)ကောင်းမှု.ကို ညွှန်ကြားရမယ်။
(၃)ပညာသင်ပေးရမယ်။
(၄)သင့်တော်တဲ့သူနဲ.ထိမ်းမြားပေးရမယ်။
(၅)သင့်တော်တဲ့အချိန်အခါမှာ အမွေပေးရမယ်။
ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်မြန်မာပြန်များ
မိဘတွေကလဲ ၀တ္တရား၅ပါးနဲ.ပြည့်စုံကြမယ်။သားသမီးတွေကလဲ သူတို.ရဲ.
ဝတ္တရား၅ပါးနဲ. ပြည့်စုံကြမယ်ဆိုရင် အရိယာတို.ရဲ. အဆုံးအမအရ အရှေ့အရပ်ဟာ
လုံခြုံတယ်၊ငြိမ်းချမ်းတယ်၊ဘေးကင်းတယ်လို.ခေါ်ပါတယ်။မိသားစုတိုင်းအေးချမ်းသာယာကြပါစေ။
နောက်ပို.စ်မှာ အနောက်အရပ်လုံခြုံရေး(လင်ယောင်္ကျား၊ဇနီးမယား)ကို ရေးပေးပါ့မယ်။
လေးစားလျက်
နှင်းပွင့်