Sunday, 27 March 2011
မေတ္တာတရားနဲ.ပြည့်ဝတဲ့မိသားစုလေးဖြစ်ဖို. အိမ်ထောင်သည်တာဝန်
couple
family
အချင်းမိန်းမတို. သခင်ဘုရား၏အုပ်စိုးတော်မှုခြင်းကိုဝန်ခံသကဲ့သို. ကိုယ့်ခင်ပွန်း၏
အုပ်စိုးခြင်းကို ၀န်ခံကြလော့။ အကြောင်းမှုကား ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မှုသကဲ့သို.ယောင်္ကျားသည်မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မှုခြင်းကို ၀န်ခံသကဲ့သို.မိန်းမတို.လည်း
ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌၀န်ခံကြရမည်။
အချင်းယောင်္ကျားတို.ခရစ်တော်သည်အသင်းတော်ကိုချစ်တော်မှုသကဲ့သို.သင်တို.လည်း ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။ယောင်္ကျားတို.သည်မိမိကိုယ်ကိုချစ်သကဲ့သို.မိမိခင်ပွန်းတို.ကိုချစ်ရကြမည်။ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ယောင်္ကျားသည်
ကိုယ့်မိဘကိုစွန်.၍ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်ထိုသူနှစ်ယောက်တို.သည်တသားတကိုယ်တည်း
ဖြစ်ရလိမ့်မည်။ဤအရာသည်အလွန်နက်နဲသောအရာဖြစ်ပေ၏။သင်တို.သည်အသီးသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို.ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။
မိန်းမသည်လည်းကိုယ့်ခင်ပွန်းကိုရိုသေခြင်းရှိစေလော့။”
ဧဖက်သြ၀ါဒစာ ၅
အိမ်ထောင်သည် လင်ယောင်္ကျားအနေနဲ.ဆောင်ရွက်ရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
၁။မယားကိုအမြတ်တနိုးခေါ်ရမယ်။
၂။နှိမ့်ချပြီး မခေါ်ရဘူး။
၃။မိမိမယားကိုလွန်ပြီး ၊ တခြားမိန်းမတွေနဲ.မပျော်ပါးရဘူး။
၎။မယားဟာမီးဖိုချောင်ကို အုပ်ချုပ်ဖို.တာဝန်လွှဲပေးရမယ်။
၅။ထိုက်တန်တဲ့အ၀တ်တန်ဆာကို ပေးရမယ်။
 ထို.နည်းအတူ ဇနီးမယားအနေနှင့်လဲ ဆောင်ရွက်ရမဲ့ဝတ္တရား၅ပါးရှိပါတယ်။
၁။အမှုကြီးငယ်ကိုကောင်းစွာ စီရင်ရမယ်။
၂။နှစ်ဖက်သောဆွေမျိုးများကိုလဲချီးမြှောက်ရမယ်။
၃။မိမိလင်မှတစ်ပါး အခြားယောင်္ကျားတွေနဲ.လွန်ကျုးတဲ့ အကျင့်တွေက ကင်းရမယ်။
၎။ယောင်္ကျားရှာဖွေပေးတဲ့ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။
၅။ကိစ္စအားလုံးမှာ လိမ္မာပြီး ပျင်းရိခြင်းကင်းရမယ်။
လင်ယောင်္ကျားကလဲသူ.၀တ္တရား၅ပါးနဲ.ပြည့်စုံမယ်၊မယားကလဲ သူ.၀တ္တရား၅ပါးနှင့်
ပြည့်စုံမယ်ဆိုရင် အရိယာတို.ရဲ.အဆုံးအမအရ အနောက်အရပ်ဟာ လုံခြုံတယ်
ငြိမ်းချမ်းတယ် ဘေးကင်းတယ်လို.ခေါ်ပါတယ်။
ဒီ Family with love  ဘလော့ကို ၂၀၁၀ ဇန်န၀ါရီမှာ စပြီး လုပ်ဖြစ်တာပါ။ အမှတ်တရ စိတ်ခံစားမှုတွေ မိသားစုအကြောင်းလေးတွေ ရေးမယ်ဆိုပြီး ကိုယ့်ဘာသာကို လျှောက်လုပ် ခေါင်းတွေမူးရင်းနဲ. ဒီဘလော့လေး နောက်ဆုံးတော့ဖြစ်လာပါတယ်။ စာဖတ်တာကို အရမ်းဝါသနာပါပါတယ်။
ဘလော့ရေးတဲ့ အကိုတွေ အမတွေ ကိုလဲ စာရေးကောင်းလို. အားကျမိတယ်။ကိုယ်.ဘာသာကို ဘလော့နာမည်ရွေးပြီး အရမ်းကို သဘောကျတယ်။ တကယ့်ကို ရင်ထဲကနေ ချစ်ခြင်းမေတ္တာနဲ.
ပြည့်ဝတဲ့ မိသားစုဘ၀လေးကို အရမ်းတန်ဖိုးထားတယ်။ မိသားစုတိုင်း ကို စစ်မှန်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ.ပြည့်ဝစေချင်တယ်။လူမှု.ပတ်ဝန်းကျင်မှာနေ.စဉ်တွေ.နေရတဲ့ သောကတွေ စိတ်ဆင်းရဲမှု.တွေ နာကြင်ခံစားမှု.တွေ မပြေလည်မှု. များစွာတွေကို ကျမတို. အားလုံး မြင်တွေ.ခံစားဖူးကြမှာပါ။အဲ့လို အချိန်တွေမှာဆို မိသားစုလေးအတွင်းမှာ မေတ္တာတရားက ပုန်းရှောင်နေတတ်ပါတယ်။ မေတ္တာဆိုတာ  စိတ်ရှည်တတ်၏ သီးခံတတ်၏ ဂုဏ်ပြိုင်ခြင်းမရှိ
အမြတ်ဆုံးပါ) မေတ္တာဆိုတာ ဖောက်ပြန်ခြင်းသဘောနဲ. အစဉ်ကင်းလွှတ် ပါတယ်။
ချစ်ခြင်းမေတ္တာနဲ.ပြည့်ဝတဲ့မိသားစုလေးဖြစ်ဖို.မိဘတွေကလဲ အရေးကြီးပါတယ်။သားသမီးတွေကို ပုံသက်သေကောင်းများပြသဖို. လိုပါသည်။ထို.ကြောင့် စာပေအသိပညာနှင့်လဲပြည့်ဝမှု.ရှိရပါမယ်။ဆရာဖေမြင့်က  လူသည်မနက်ထက် ညမှာ ပညာပိုရှိရမည်၊ မနေ.ကထက်ဒီကနေ.
အသိဥာဏ်သာရမည်၊အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်၊
ထို.အတွက် စာဖတ်ခြင်းတနည်းသာရှိသည် ဟူ၍ လမ်းညွှန်ထားပါသည်။လူတိုင်း မသိရင်တော့မှားတတ်ကြတာ လောကဓမ္မတာပါ။ကိုယ့်တာဝန်ကို ကိုယ် သိရပါမည်။
တာဝန်သိရင်တာဝန်ရှိပါသည်။အသိကို သတိနဲ.သာ ထိန်းပြီး မေတ္တာတရားတွေ လွှမ်းခြုံနေပြီဆိုရင်ဖြင့် ကျမတို.လူမှုပတ်ဝန်းကျင်မှာ သာယာပျော်ရွှင်ပြီးချစ်ခြင်းမေတ္တာတွေနဲ.ပြည့်ဝတဲ့ မိသားစုတွေ ဖြစ်လာကြမှာ ဧကန်မလွှဲပင် ။။။။။။
လေးစားလျက်
နှင်းပွင့်
Friday, 18 March 2011
မေတ္တာတရားနဲ. မိသားစုလေးဖြစ်ဖို.မိဘတာဝန်
family
“အဘတို. ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။
သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။”
ဧဖက်သြ၀ါဒစာ(၆း၎)
သားသမီးတွေက မိဘတွေအပေါ်ကို ၀တ္တရား၅ပါးနှင့် အညီ ပြုစုစောင့်ရှောက်သလို
မိဘတွေဘက်ကလဲ ပြန်ပြီး ဆောင်ရွက်ပေးရမဲ့ ၀တ္တရား၅ပါးရှိပါတယ်။
(၁)မကောင်းမှု.မှ တားမြစ်ရမယ်။
(၂)ကောင်းမှု.ကို ညွှန်ကြားရမယ်။
(၃)ပညာသင်ပေးရမယ်။
(၄)သင့်တော်တဲ့သူနဲ.ထိမ်းမြားပေးရမယ်။
(၅)သင့်တော်တဲ့အချိန်အခါမှာ အမွေပေးရမယ်။
ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်မြန်မာပြန်များ
မိဘတွေကလဲ ၀တ္တရား၅ပါးနဲ.ပြည့်စုံကြမယ်။သားသမီးတွေကလဲ သူတို.ရဲ.
ဝတ္တရား၅ပါးနဲ. ပြည့်စုံကြမယ်ဆိုရင် အရိယာတို.ရဲ. အဆုံးအမအရ အရှေ့အရပ်ဟာ
လုံခြုံတယ်၊ငြိမ်းချမ်းတယ်၊ဘေးကင်းတယ်လို.ခေါ်ပါတယ်။မိသားစုတိုင်းအေးချမ်းသာယာကြပါစေ။
နောက်ပို.စ်မှာ အနောက်အရပ်လုံခြုံရေး(လင်ယောင်္ကျား၊ဇနီးမယား)ကို ရေးပေးပါ့မယ်။
လေးစားလျက်
နှင်းပွင့်
Wednesday, 16 March 2011
မေတ္တာတရားနဲ.မိသားစုလေးဖြစ်ဖို.သားသမီးတာဝန်
family
"သားသမီးတို. သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။
မိဘစကားကိုနားထောင်ခြင်းအမှု.သည် တရားသော အမှု.ဖြစ်၏။
မိဘကို ရိုသေစွာပြုလော့။ဤ ပညတ်တော်ကား သင်သည် ပြည်တော်၌ ကောင်းစား၍
အသက်တာ ရှည်မည့်အကြောင်းဟူ၍ ဂတိတော်နှင့်စပ်ဆိုင်သောပဋ္ဌမပညတ်ဖြစ်၏။"
(ဧဖက်သြ၀ါဒစာ ၆း၁-၃)
အမိအဖဟာ အရိယာတို.ရဲ. အဆုံးအမမှာ အရှေ.အရပ်ဖြစ်ပါတယ်။
သားသမီးများဟာ မိဘတွေအပေါ် ဆောင်ရွက်ရမဲ့ ၀တ္တရားငါးမျိုးရှိပါတယ်။
(၁)မိဘတွေဟာ ငါတို.တွေ ကြီးပြင်းလာအောင် ကျွေးမွေးလာခဲ့ကြတယ်။
    ငါတို.ကလဲ မိဘတွေ ကို ပြန်ပြီး လုပ်ကျွေးကြရမယ်။အဲ့ဒီလို နှလုံးသွင်းပြီး
    သားသမီးတွေဟာ မိဘတွေကိုလုပ်ကျွေးကြရမယ်။
(၂)မိဘတွေရဲ.အမှု.ကိစ္စကိုဆောင်ရွက်ပေးရမယ်။
(၃)မိဘတွေရဲ.ဥစ္စာပစ္စည်းကို မပျောက်ပျက်ရအောင် စောင့်ထိန်းရမယ်။
     မိဘတွေအစဉ်အဆက် ပြုလုပ်လာတဲ့ကုသိုလ်ဝတ်ကို ပျက်မသွားရအောင်
    စောင့်ထိန်းခြင်းအားဖြင့်အမျိုးအနွယ်ကိုတည်အောင်ဆောင်ရွက်ရမယ်။
(၄)အမွေခံထိုက်အောင် မိဘတွေရဲ.အဆုံးအမအတိုင်းကျင့်ကြံလိုက်နာရမယ်။
(၅)ကွဲကွာသေလွန်သွားတဲ့ မိဘတွေအတွက် အလှုပေးရမယ်။
ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော် မြန်မာပြန်များ
မိသားစုတိုင်းကို အေးချမ်းသာယာပြီး  အဆင်ပြေကြစေဖို.အမြဲဆုတောင်းပေးနေပါတယ်။
မှတ်သားစရာကောင်းတာလေးတွေမို. မသိသေးတဲ့ သူငယ်ချင်းတွေကို ပြန်ဝေမျှတာပါ။
သိပြီးသား သူငယ်ချင်းတွေလဲ ပြန်ဖတ်လို.ရတာပေါ့။ရေးတဲ့စာတကြောင်းထဲက အလင်းတစက်
သူငယ်ချင်းတို.ရသွားတယ်ဆိုရင်...........................................................................
နောက်ပို.စ်မှာ မေတ္တာတရားနဲ.မိသားစုလေးဖြစ်ဖို. မိဘတာဝန်ဆိုတာကို ရေးပေးပါမယ်နော်။
လေးစားလျက်
နှင်းပွင့်
Saturday, 5 March 2011
Origami နှင့် ကျမ
လူတိုင်းမှာတော့ မိမိစိတ်ဝင်စားကြတဲ့ ၀ါသနာ ကိုယ်စီရှိပါတယ်။
 နှင်းပွင့်ကတော့ စက္ကူအရုပ်ခေါက်ရတာ အရမ်းသဘောကျတယ်။
အခု လုပ်ငန်းခွင်ထဲရောက်တော့ ကိုယ့်ရဲ.၀ါသနာ အရုပ်ခေါက်တာလေးက တော်
တော့်ကိုတော့ အလုပ်ဖြစ် နေတား)  ဧည့်သည်တွေ လာရင်တောင်
 နှင်းပွင့်နာမည်သာ မမှတ်မိရင်နေမယ် အရုပ်ခေါက်ပေးတဲ့ ကောင်မလေးလို.တော့မှတ်မိသား
ခေါက်တဲ့ အရုပ်ကလဲစုံတယ်
စက္ကူပန်းလေးတွေခေါက်ပြီး ပန်းအိုးထိုးလိုက်တယ် မှတ်ကရေား)
ဈေးသွားဝယ်ဖို. ခြင်းလေးကလဲ အဆင်သင့်ရှိတယ်လေး)
ဝတ်ဖို.ကလဲ အဆင်သင့်လေ
ပန်းကတော့အရမ်းကြိုက်တာ
ဒါကတော့ ကိုရွေဖား (တို.လိုက်ရင် ထထခုန်လို. ကလေးတွေတအားသဘောကျတာ)
တခါတလေတော့လဲ Dream Boxလေးကြယ်လေးတွေလုပ်ပြီးတော့လဲ စိတ်ကူးယဉ်သေးတယ်။
ဒီတခါတော့ ဒီပုံလေးတွေ အရင်တင်ထားဦးမယ်နော်.နောက်အားရင် ငှက်မိသားစုတို. တခြား တခြား
ပုံလေးတွေ ထပ်တင်ပေးမယ်။အချိန်ပေးပြီး လာလည်တဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။
လေးစားလျက်
နှင်းပွင့်
Wednesday, 2 March 2011
မိသားစုရဲ.အိမ်
မီရာမိုရ်ရဲ. ဂီတကဗျာသီချင်းလေးတွေကို နားထောင်ပြီး အိမ်ကိုလဲလွမ်းတယ်။
ကလေးဘ၀လေးကိုလဲ ပြန်တမ်းတမိပါတယ်။အဘိုးအဘွားတို.နဲ.ညနေတိုင်း
ဘုရားဆုတောင်းကြတယ်။ဆန်းဒေးတိုင်းဘုရားကျောင်းသွားတယ် ။
ဝမ်းကွဲမောင်နှမတွေစုံလို. အိမ်ကလူကြီးတွေက မုန်.တွေလုပ်ပေးရင် လုစားကြတယ်။
(မောင်နှမတွေကလဲ သိတ်မများပါဘူး ၁၀ယောက်လောက်ပါပဲး))သူငယ်ချင်းတွေနဲ. အတူတူကျောင်းသွား ကစားခဲ့ကြတယ်။တခါတလေ အဖေက ကျောင်းပိတ်ရက်တွေမှာ
မိသားစု တွေ အပြင်အတူတူ လျှောက်လည်ခါနီး အမေက နှင်းပွင့်တို. ညီအမတွေကို
ပြင်ဆင် ပေးနေတဲ့ အချိန်ဆို ဂစ်တာလေးတီးပြီး အရင်က မြန်မာပြည် သိန်းတန်ဆို တဲ့
(လာမြန်မြန် အကျီံ ၀တ်ကွယ်သမီးလေးရယ် တိရစ္ဆာန်ဥယာဉ်သွားကြမယ် လည်လည်သွား မယ် )
ဆိုတဲ့ သီချင်းလေးကို ဆိုပြီး စောင့်နေတတ်တယ်။အများဆုံး သွားတတ်တာကလဲ တိရစ္ဆာန် ရုံနဲ. ကြေးအိုးဆိုင်း) ပြန်တွေးတိုင်း အခုထိ နွေးထွေးမှု.လေးကို ခံစားနေရဆဲပါ။
မိသားစုမှာ နွေးထွေးတဲ့ မေတ္တာတရားတွေရှိတယ်. အေးချမ်းတဲ့ မိဘတွေရဲ.
ဂရုစိုက်မှု.တွေရှိတယ်။မိဘကို ဆိုးနွဲ.ချင်တဲ့ သားသမီးတွေရှိတယ်။
အသက်တွေ ဘယ်လောက်ကြီးကြီး ရာထူးတွေဘယ်လောက်မြင့်ုမြင့်
မိဘရှေ.ပြန်ရောက်သွားရင်တော့ ကလေးတွေအတိုင်းပြန်နေကြတာပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်း မိသားစုတိုင်း အေးချမ်းပျော်ရွှင် နိုင်ကြစေဖို.
အမြဲဆုတောင်းပေးနေတယ်။အိမ်ထောင်ရေး တည်မြဲနိုင်ကြဖို. မိသားစုလေးကို ခိုင်မြဲအောင် တည်ဆောက်ကြဖို. အိမ်ထောင်ရေးဖောက်ပြန်မှု.တွေက ရှောင်လွဲနိုင် ကြဖို. မိသားစုဝင်အားလုံးအတွက် အရေးကြီးပါတယ်။မိဘကို  မွန်မြတ်စွာ ပြန်လည်ပြုစုစောင့်ရှောက်ရမှာ ကသားသမီးကောင်းတို.ရဲ.
တာဝန်ပါပဲ။ဘာရယ်တော့မဟုတ်ပါဘူး စိတ်ထဲမှာ ခံစားမိတာလေးတွေကို ချရေးထားတာပါ ။
ဒီစာလေးထဲကနေပြီးတော့ သူငယ်ချင်းတို.အတွက် တခုခု တွေးစရာလေးရပြီး ကိုယ့်ရဲ.မိသားစုတွေကို ပိုပြီးချစ်ခင်နိုင်ကြစေ. မိသားစုအတွင်းချစ်ခြင်းမေတ္တာကို တည်ဆောက်ပြီး သာယာစိုပြေငြိမ်းချမ်းတဲ့ မိသားစုဘ၀လေးတွေကို ပိုင်ဆိုင်နိင်ကြပါစေလို. ရင်ထဲမှ လှိုက်လှဲစွာဆုတောင်းပေးလိုက်ပါတယ်။
လေးစားလျက်
နှင်းပွင့်
Wednesday, 23 February 2011
အိပ်မက်ရဲ.ည
အိပ်မက်ရဲ.ည
နှိပ်စက် ညှင်းပမ်း
အားငယ် ငိုကြွေး
ဟိန်းဟောက်မှု.ကင်း
စိုးရွံ.မှု.မရှိတဲ့
ကလေးတယောက်ရဲ.
အပြစ်ကင်းတဲ့ အိပ်စက်ခြင်းမျိုး
ငါလိုချင်တယ်
အိပ်မက်ထဲကို ၀င်လာကြတယ်
တန်ဖိုးထားတဲ့ ရိုးသားမှု.
စောင့်ထိန်းထားတဲ့ ကိုယ်ကျင့်သိက္ခာ
ချမှတ်ထားတဲ့ ပန်းတိုင်
ပိုင်ဆိုင်ထားတဲ့ မာနလေးနဲ. သတ္တိတွေကို
အသင့်ယူလာကြတဲ့ ဖျက်ဆီးခြင်းယာဉ်နဲ.အတူ
အဝေးကိုတပါတည်း ယူဆောင်ထွက်ပြေးသွားကြရဲ.
ရိုးသားမှု.ကို ပြန်ပေးပါ
ပန်းတိုင်လေးကို မဖျက်ဆီးပစ်ပါနဲ.
သတ္တိတွေကို ပြန်ပေးပါ
ကိုယ်ကျင့်သိက္ခာ မာနလေးကို ပြန်ပေးခဲ့ပါလို.
အသံတစာစာ ငါအော်ရင်းအော်ရင်း
အိပ်မက်ကနေ မိုးလင်းခဲ့ရပေါင်းများပြီလေ။
လေးစားလျက်
နှင်းပွင့်
Thursday, 3 February 2011
ချစ်ခြင်း နှင့် ခြစ်ခြင်း
Angel Image 393744
'ချစ်ခြင်း ' သည်
အပြုသဘောကိုဆောင်၍
'ခြစ်ခြင်း 'သည်
အဖျက်သဘောကိုဆောင်သည်။
ကိုယ်၊ နှုတ်၊ စိတ်ဖြင့်
ကောင်းမှု.ကိုပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဖြစ်သည်။
ကိုယ်၊နှုတ်၊စိတ်ဖြင့်
မကောင်းမှု.ကို ပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ခြစ်ခြင်းဖြစ်သည်။
(ချစ်တတ်အောင်သင် စာအုပ်အမှာစာမှ)
ကိုယ်တိုင်ဝန်ခံချက်
လောကမှာ လူတိုင်း လူတိုင်း မိမိကိုယ်မိမိ ချစ်တတ်တဲ့ လူချည်းပါပဲ.
ဒါကလဲ ချစ်တတ်တယ်၊ ခံစားတတ်တယ်ဆိုတဲ့ စိတ်အသိလေးက
ကိုယ်နဲ.အတူတူ ရှိနေလို.ပါပဲ။ စိတ်ခံစားမှု.မရှိတဲ့ အသိဥာဏ်မရှိတဲ့လူကို
အရုးလို. လူတွေက သတ်မှတ်ကြတယ်။ ရုးနေတဲ့လူတစ်ယောက်မှာ
ဘာကိုမှ ခံစားတာ မရှိတဲ့ အတွက် နေချင်သလိုနေမယ်။
လုပ်ချင်တာတွေ လုပ်နေမယ်။လွတ်လပ်နေတယ်။
အသိဥာဏ်ဆိုတာ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်များကိုကောင်းစွာဆင်ခြင်သိမြင်တဲ့အတွက်
စိတ်ကောင်းတဲ့လူတွေကြတော့ စိတ်ရဲ. စေစားရာနောက်ကို လိုက်ပါနေကြပြီး
များပြားလှတဲ့ လူ.ဘောင်စည်းကမ်းတွေနဲ. ဘ၀ကို တရက်ပြီးတရက်ကျော်ဖြတ်နေ ရတယ်။
ဒီလိုနေနေ ရင်းနဲ. အသက်တွေက တဖြေးဖြေးကြီးလာတယ်။
ဘ၀မှာ ငါတို. မှတ်မှတ်ရရ ဘာတွေ လုပ်ခဲ့ကြ ပြီးပြီလဲ၊
ငါကိုယ်တိုင်နဲ. သူတပါးအတွက် ငါအခု ဘာကို ချစ်လို.
ဘာတွေကို ခြစ်ခဲ့ ပြီးပြီလဲ။ ကိုယ့်မိသားစုအတွက် ရှေ.အနာဂတ်တွေအတွက်
ဘာတွေများပြင်ဆင်ခဲ့ပြီးပြီလဲဆိုတဲ့အမေးများစွာကို ကိုယ့်ကိုယ်ကို ပြန်မေးကြသင့်တယ်
ချစ်တာနဲ. ခြစ်တာကို အရင်က မရေရာခဲ့တဲ့ ငါ
အခု ရေရေရာရာ သိပြီဆိုတော့ ဘာလုပ်မှာလဲ ။
အဖြေကတော့ တခုထဲ ထွက်တယ် မသိသေးတဲ့ သူငယ်ချင်းများအတွက်
မျှဝေပေးရမယ်ဆိုတာပဲ ။စာအုပ်တစ်အုပ်ထဲမှာရေးထားတာ က
လောကမှာ လူတွေက မသိလို.မှားကြတာ များတယ်တဲ့ သိသွားပြီးရင် မမှားကျတော့ဘူးတဲ့လေ။
မသိသေးတဲ့လူတွေကိုလဲ သိစေချင်ပါတယ်။သိပြီးသားလူတွေကိုလဲ ဗဟုသုတအနေနဲ. ပြန်ဖတ်စေချင်ပါတယ်။မွေးဖွားလာပြီးကထဲက သေဆုံးဖို. တရွေ.ရွေ. ပြန် သွားနေကြတာကိုမြင်ပြီး
ဘ၀ဆိုတာကတိုတောင်းပါတယ် ရှင်သန်နေရတဲ့အချိန်တိုလေးမှာ  ချစ်တဲ့ သူငယ်ချင်းများ အားလုံးကို
ရပင့်နဲ. ချစ်တတ်တဲ့ လူတစ်ယောက်ဆီတိုင်းဖြစ်နိုင်ကြပါစေလို. ဆုတောင်းပေးပါတယ်။
လေးစားလျက်
နှင်းပွင့်