Tuesday, 21 September 2010

ကောင်းတာလေးတွေ တွေးကြပါစို.

ကောင်းတာလေးတွေတွေးပြီး ကောင်းတဲ့စိတ်လေးထားကြပါစို.
ဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတွေထဲက အရေးအသားကောင်းလေးတွေကို
သူငယ်ချင်းတို.တွေကိုလဲဝေမျှပေးချင်ပါတယ်
ပန်းရဲ.မွေးရနံ.လေးတွေကို လေညှင်းလေးကဆောင်နှင်းပေးသလို
ကောင်းသတင်းလေးတွေကိုလဲ လူသားချင်းလက်ကမ်းလို.ပေးကြပါစို.
ကောင်းတာလုပ်နေသရွေ.တော့ ကောင်းတယ်ဆိုတဲ့စိတ်ကလေးကိုခံစားနေမိကြမှာပါ
အဖေအမြဲပြောတဲ့ စကားလေးတစ်ခွန်းရှိပါတယ်
        (တာဝန်သိရင် တာဝန်ရှိတယ်တဲ့)
စကားလေးကတော့ တိုတယ် ဒါပေမဲ့ မှတ်သားစရာ အပြည့်ပါတယ်
ဒီနေ.ကမ္ဘာမှာလူတိုင်းသာ ကိုယ့်ရဲ.ကျရာတာဝန်ကျေပွန်မယ်ဆိုရင်လေ
လောကကြီးတခုလုံး ဘယ်လောက်တောင် သာယာချမ့်းမြေ.လိုက်မလဲရှင်
အဖေကလဲ အဖေတာဝန်ကျေ၊ အမေကလဲ အမေတာဝန်ကျေ၊
သားသမီးများကလဲ သားသမီးတာဝန်ကျေ။
တိုင်းရင်းသားလူမျိုး အားလုံးကလဲ ကိုယ့်ရဲ.တာဝန်တွေကျေပွန်ကျမယ်ဆိုရင်ဖြင့်လေ...................
ပျော်ရွင်ချမ်းမြေ့လှပတဲ့ လူ.ကမ္ဘာဆိုတာ ဖြစ်လာမှာဧကန်မလွဲပေါ့ရှင်
ကျမရဲ. စာမျက်နာလေးကို  အချိန်ယူပြီးစာလာဖတ်သွားတဲ့သူငယ်ချင်းတို.အတွက် အလင်းတစက်ကလေးပေးနိုင်တယ်ဆိုရင်ပဲ ကျေနပ်ရပါပြီ။



ဖြူစင်သောမေတ္တာဖြင့်
နှင်းပွင့်

Thursday, 29 July 2010

မေတ္တာ ငတ်မွတ်လို.သေဆုံးနေရသူတွေ

ဒီနေ.ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံးဟာ
တီဘီလည်း မဟုတ်ဘူး၊
အနာကြီး ရောဂါလည်း မဟုတ်ဘူး ။
နှစ်သက်လိုလား သူမရှိတာ၊
မေတ္တာထားခြင်း ကြည့်ရှူ.စောင့်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ။
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများပေးလို.ရပေမဲ့
အထီးကျန်ခြင်း စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့
မေတ္တာတရားနဲ.သာကုစားနိုင်ပါတယ်
ဒီနေ.ကမ္ဘာမှာ
ပေါင်မုန်.တစ်ဖဲ့အတွက် အသက်ငင်သူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို.
သေဆုံးကြမဲ့ လူတွေကလည်း
ဒုနဲ.ဒေးပါ

မာသာထရီှးဇာ

Wednesday, 28 July 2010

မိသားစု

မကြာမီမှာ စာများ ကိုစတင်ပြီးရေးသားတော့မယ် လို.သူငယ်ချင်းများအားလုံးကို အသိပေးအပ်ပါတယ်.

Wednesday, 27 January 2010

မိသားစု

လူတိုင်းမှာ ကိုယ့်ရဲ. ကိုယ်ပိုင် မိသားစုတွေ ရှိကြတယ်