Wednesday, 23 February 2011
အိပ်မက်ရဲ.ည
အိပ်မက်ရဲ.ည
နှိပ်စက် ညှင်းပမ်း
အားငယ် ငိုကြွေး
ဟိန်းဟောက်မှု.ကင်း
စိုးရွံ.မှု.မရှိတဲ့
ကလေးတယောက်ရဲ.
အပြစ်ကင်းတဲ့ အိပ်စက်ခြင်းမျိုး
ငါလိုချင်တယ်
အိပ်မက်ထဲကို ၀င်လာကြတယ်
တန်ဖိုးထားတဲ့ ရိုးသားမှု.
စောင့်ထိန်းထားတဲ့ ကိုယ်ကျင့်သိက္ခာ
ချမှတ်ထားတဲ့ ပန်းတိုင်
ပိုင်ဆိုင်ထားတဲ့ မာနလေးနဲ. သတ္တိတွေကို
အသင့်ယူလာကြတဲ့ ဖျက်ဆီးခြင်းယာဉ်နဲ.အတူ
အဝေးကိုတပါတည်း ယူဆောင်ထွက်ပြေးသွားကြရဲ.
ရိုးသားမှု.ကို ပြန်ပေးပါ
ပန်းတိုင်လေးကို မဖျက်ဆီးပစ်ပါနဲ.
သတ္တိတွေကို ပြန်ပေးပါ
ကိုယ်ကျင့်သိက္ခာ မာနလေးကို ပြန်ပေးခဲ့ပါလို.
အသံတစာစာ ငါအော်ရင်းအော်ရင်း
အိပ်မက်ကနေ မိုးလင်းခဲ့ရပေါင်းများပြီလေ။
လေးစားလျက်
နှင်းပွင့်
Thursday, 3 February 2011
ချစ်ခြင်း နှင့် ခြစ်ခြင်း

'ချစ်ခြင်း ' သည်
အပြုသဘောကိုဆောင်၍
'ခြစ်ခြင်း 'သည်
အဖျက်သဘောကိုဆောင်သည်။
ကိုယ်၊ နှုတ်၊ စိတ်ဖြင့်
ကောင်းမှု.ကိုပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဖြစ်သည်။
ကိုယ်၊နှုတ်၊စိတ်ဖြင့်
မကောင်းမှု.ကို ပြုခြင်းသည်
ကိုယ့်ကိုယ်ကိုယ် ခြစ်ခြင်းဖြစ်သည်။
(ချစ်တတ်အောင်သင် စာအုပ်အမှာစာမှ)
ကိုယ်တိုင်ဝန်ခံချက်
လောကမှာ လူတိုင်း လူတိုင်း မိမိကိုယ်မိမိ ချစ်တတ်တဲ့ လူချည်းပါပဲ.
ဒါကလဲ ချစ်တတ်တယ်၊ ခံစားတတ်တယ်ဆိုတဲ့ စိတ်အသိလေးက
ကိုယ်နဲ.အတူတူ ရှိနေလို.ပါပဲ။ စိတ်ခံစားမှု.မရှိတဲ့ အသိဥာဏ်မရှိတဲ့လူကို
အရုးလို. လူတွေက သတ်မှတ်ကြတယ်။ ရုးနေတဲ့လူတစ်ယောက်မှာ
ဘာကိုမှ ခံစားတာ မရှိတဲ့ အတွက် နေချင်သလိုနေမယ်။
လုပ်ချင်တာတွေ လုပ်နေမယ်။လွတ်လပ်နေတယ်။
အသိဥာဏ်ဆိုတာ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်များကိုကောင်းစွာဆင်ခြင်သိမြင်တဲ့အတွက်
စိတ်ကောင်းတဲ့လူတွေကြတော့ စိတ်ရဲ. စေစားရာနောက်ကို လိုက်ပါနေကြပြီး
များပြားလှတဲ့ လူ.ဘောင်စည်းကမ်းတွေနဲ. ဘ၀ကို တရက်ပြီးတရက်ကျော်ဖြတ်နေ ရတယ်။
ဒီလိုနေနေ ရင်းနဲ. အသက်တွေက တဖြေးဖြေးကြီးလာတယ်။
ဘ၀မှာ ငါတို. မှတ်မှတ်ရရ ဘာတွေ လုပ်ခဲ့ကြ ပြီးပြီလဲ၊
ငါကိုယ်တိုင်နဲ. သူတပါးအတွက် ငါအခု ဘာကို ချစ်လို.
ဘာတွေကို ခြစ်ခဲ့ ပြီးပြီလဲ။ ကိုယ့်မိသားစုအတွက် ရှေ.အနာဂတ်တွေအတွက်
ဘာတွေများပြင်ဆင်ခဲ့ပြီးပြီလဲဆိုတဲ့အမေးများစွာကို ကိုယ့်ကိုယ်ကို ပြန်မေးကြသင့်တယ်
ချစ်တာနဲ. ခြစ်တာကို အရင်က မရေရာခဲ့တဲ့ ငါ
အခု ရေရေရာရာ သိပြီဆိုတော့ ဘာလုပ်မှာလဲ ။
အဖြေကတော့ တခုထဲ ထွက်တယ် မသိသေးတဲ့ သူငယ်ချင်းများအတွက်
မျှဝေပေးရမယ်ဆိုတာပဲ ။စာအုပ်တစ်အုပ်ထဲမှာရေးထားတာ က
လောကမှာ လူတွေက မသိလို.မှားကြတာ များတယ်တဲ့ သိသွားပြီးရင် မမှားကျတော့ဘူးတဲ့လေ။
မသိသေးတဲ့လူတွေကိုလဲ သိစေချင်ပါတယ်။သိပြီးသားလူတွေကိုလဲ ဗဟုသုတအနေနဲ. ပြန်ဖတ်စေချင်ပါတယ်။မွေးဖွားလာပြီးကထဲက သေဆုံးဖို. တရွေ.ရွေ. ပြန် သွားနေကြတာကိုမြင်ပြီး
ဘ၀ဆိုတာကတိုတောင်းပါတယ် ရှင်သန်နေရတဲ့အချိန်တိုလေးမှာ ချစ်တဲ့ သူငယ်ချင်းများ အားလုံးကို
ရပင့်နဲ. ချစ်တတ်တဲ့ လူတစ်ယောက်ဆီတိုင်းဖြစ်နိုင်ကြပါစေလို. ဆုတောင်းပေးပါတယ်။

Thursday, 20 January 2011
နောင်တ

နောင်တ တရား(၁၀)ပါး
ဤ လူ.လောက လူ.ဘ၀၌သကျရူပံ မိန်.သံဂါထာ၊
ကျမ်းလာအရှိ ငယ်ခါကလျှင် မသင်ပညာ၊ ဥစ္စာမစု၊
သူချစ်ကိုဖျက်၊ သူ.သက်သတ်စား၊ သူ.မယား၌ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျှက် စိုးစိမလှူ၊ မွေးမြူမိဘ မပြုရနှင့်၊
ဆုံးမ,မနား၊ ပညာရှိထံ နည်းခံမမှတ်၊ အမြတ်မကျင့်၊
ဤ (၁၀) ဆင့်ကား
ကြီးရင့်ဇရာ အိုသောခါဝယ် ပူဆာနောင်တ ရတတ်စွာတည်း။
အရှင်သံဝရာလင်္ကာရ( ဓမ္မပိယဆရာတော်) နောင်တ နောင်မှ မရစေနှင့် စာအုပ်မှ
နောင်တ တရား(၁၀)ပါး
၁။ ငယ်စဉ်ပညာသင်ချိန်၌ မိမိတတ်သင့်သော ပညာရပ်တစ်ခုကို တတ်မြောက်အောင်
သင်ယူမထားလျှင် အသက်အရွယ်ရ၍ဟိုမဟုတ် သည်မဟုတ်နှင့် လူရာမ၀င်သောအခါ
နောင်တရတတ်၏။
၂။ငယ်ငယ်ရွယ်ရွယ် ရှာဖွေနိုင်ချိန်၌ ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းမှုမပြုခဲ့လျှင် လက်တွေ.
ဘ၀၀န်းကျင်၌ ငွေနှင့်ဘ၀ရုပ်လုံးဖော်ရသောအခါမိမိလက်ထဲငွေမရှိလျှင်နောင်တရတတ်၏။
၃။သူတစ်ပါးတို.ချစ်ခင်ညီညွှတ်နေသည်ကို ကွဲပြားအောင်သွေးခွဲခြင်း၊သပ်လျှိုခြင်း(ပိသုဏ၀ါစာ)
အမှုပြုမိလျှင်နောင်တရတတ်၏။
၎။သူတစ်ပါးအသက်သတ်ခြင်း(ပါဏာတိပါတ)အမှုပြုခဲ့လျှင်နောင်တရတတ်၏။
၅။သူများသားမယားပြစ်မှားလျှင်(ကာမေသုမိစ္ဆာစာရ)အမှုကျုးလွန်မိလျှင်နောင်တရတတ်၏။
၆။ပစ္စည်းဥစ္စာပြည့်စုံပါလျှက် အလှူဒါနမပြုလျှင်နောင်တရတတ်၏။
၇။မိဘနှစ်ပါးကိုကျွေးမွေးပြုစုစောင့်ရှောက်မှု မပြုခဲ့လျှင်မိဘများမရှိသောအခါနောင်တရတတ်၏။
၈။မိဘဆရာ၊လူကြီးသူမတို.ဆုံးမစကားကို မနာခံလျှင် နောင်တရတတ်၏။
၉။ပညာရှိတို.ထံချဉ်းကပ်၍သိလိုသည်များမေးးမြန်းဆွေးနွေးခြင်းမပြုလျှင်နောင်တရတတ်၏။
၁၀။တရားအားထုတ်မထားလျှင်သေခါနီး၌နောင်တရတတ်၏။
နောင်တဟူသည်-
မိမိအမှားအယွင်း တစ်စုံတစ်ရာပြုခဲ့မိ၊ ကျုးလွန်ခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ခြင်း ၊
ဝမ်းနည်းပက်လက်ဖြစ်ခြင်း၊နှမြောတသယူကြုံးမရဖြစ်ခြင်းကိုခေါ်၏။အဘိဓမ္မာသဘောအနေဖြင့်
ကုက္ကုစ္စစေတသိက် အကုသိုလ်တရားပင် ဖြစ်၏။
နောင်တရခြင်းသည်-
တစ်ပူပေါ်နှစ်ပူဆင့် တစ်ရှုံးပေါ်နှစ်ရှုံးဆင့်ခြင်းသာဖြစ်သဖြင့်နောင်တရခြင်းသည်မကောင်း။
ဘ၀၌အဆိုးဝါးဆုံးအရာသည် နောင်တရခြင်းနှင့်နောင်တရစေသည့်ပြစ်မှုတို.ကိုကျုးလွန်ခြင်းပင်ဖြစ်၏။
သို.ဖြစ်၍-
တစ်- နောင်တရစေသည့် ပြစ်မှူကြီးဆယ်ပါးကိုရောင်ကြဉ်ပါ။
နှစ်- ပြစ်မှူဆယ်ပါး တစ်ပါးပါးကျုးလွန်ခဲ့သော် အတိတ်ကို အတိတ်မှာပဲ ကျန်နေရစ်ပါစေ။
ပစ္စုပ္ပန်ကို မခေါ်ပါနှင့်။ပစ္စုပ္ပန်ကို မလိုက်လာပါစေနှင့်။
ကိုယ်တိုင်ဝန်ခံချက်
ဤစာအုပ်ငယ်လေးသည် ကျမအတွက် အလွန်ကိုတန်ဖိုးရှိသော စိတ်ခွန်အား အသိပညာများစွာကို ရရှိစေခဲ့ပါသည်။အသက်ရှင်နေထိုင်သည့် ဤ အခိုက်အတန်.တွင် စိတ်အေးချမ်းသာစွာနေထိုင်တတ်ဖို.အလွန်အရေးကြီးပါသည်။နောင်တတွေကို အတိတ်မှာ ထားလို. ရှေ. မှာ သိတဲ့အသိနဲ.ပြန်စကြမယ်ဆိုရင်တော့အရာအားလုံးဟာ နောက်မကျသေးဘူးဆိုတာကို ကျမရင်ထဲက စွဲမြဲစွာ ယုံကြည်ပါတယ်။ကိုယ်တိုင်လဲ အခုအစကနေပြန်စနေပါတယ်း)
ဘာသာတရားဆိုတာ လူတွေအားလုံးအတွက်ရှိသင့်ပါတယ်။ဘယ်ဘာသာမှာမဆို လူဆိုးရော လူကောင်းကောရှိပါတယ်။မိမိဘာသာသာ အကောင်းဆုံးဆိုပြီးတယာက်နဲ.တယောက် ငြင်းခုံယှဉ်ပြိုင်မှာထက် မိမိ ရဲ.လှူမှူပတ်ဝန်းကျင်မှာ လူသားအချင်းချင်း ချစ်ခြင်းမေတ္တာ အပြည့်ထားလို. ကိုယ့်တာဝန်ကို ကိုယ်ကျေပွန် စွာလုပ်ဆောင်နိုင်ပြီး အနာဂတ်မှာ ရှေ.ဆာင်လမ်းပြကောင်းတွေဖြစ်အောင် ကျမတို.ကြိုးစားကြရအောင်လား။
မသိသေးတဲ့သူငယ်ချင်းတွေကိုလဲ တကယ့်ကိုမျှဝေချင်တဲ့ဆန္ဒနဲ. ပြန်ကူးရေးထားပေးတာပါ။
ကူးရေးခဲ့တဲ့ စာသားတွေထဲက အလင်းတစက်သူငယ်ချင်းတို.ရမယ်ဆိုရင် တကယ့်ကို ကူးရေးရကျိုးနပ်ပါပြီရှင်။
လေးစားလျှက်
နှင်းပွင့်
Sunday, 14 November 2010
အဖြူုရောင်ကြယ်ပွင့်သစ္စာ

အဖြူရောင်ကြယ်ပွင့်သစ္စာ
ညလေးတစ်ည
မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးပေါ်က
တလက်လက်လင်းနေတဲ့ ကြယ်လေးတွေကိုမှ
ငါက အားကျမိပါရဲ.
အားကျနေချိန်မှာပဲ ကြယ်တာရာအပေါင်းက
ပိုကာပိုကာ ခြံရံလင်းလက်လာပြန်ရော
မှိုင်တွေနေတဲ့ ငါ့စိတ်လေးကို
လင်းလက်သွားအောင် ဘယ်နက္ခတ်အားကိုးနဲ.များ
ပြုစားလိုက်တာလဲလို. ညအတွက် အလင်းရောင်ပေးဝေနေတဲ့
အဖြူရောင် ကြယ်ပွင့်လေးတွေကို ကြည့်ရင်း
တစ်ယောက်ထဲ တီးတိုးမေးနေမိပါရဲ.
ငါ့ကိုသတ်
ငါ့ရင်ဘတ်ကိုခွဲပြီး
ငါ့နှလုံးသားကို ထိုးခွဲဖောက်လှန်ကြည့်မယ်ဆိုရင်တောင်
ငါ့နှလုံးသားထဲမှာ ကျစ်ကျစ်ပါအောင် သိမ်းဆည်းထားတဲ့
အဖြူရောင်ကြယ်ပွင့်လေးတွေကိုပဲ တွေ.ကြရလိမ့်မယ်
တကယ်တော့  ဒါဟာ
ငါ့ရဲ.မြတ်နိုးမှု.တစ်ခုအပေါ် အကြွင်းမဲ့သစ္စာရှိနေခြင်းပါပဲ။
လေးစားလျက်
နှင်းပွင့်
Tuesday, 21 September 2010
ကောင်းတာလေးတွေ တွေးကြပါစို.
ကောင်းတာလေးတွေတွေးပြီး ကောင်းတဲ့စိတ်လေးထားကြပါစို.
ဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတွေထဲက အရေးအသားကောင်းလေးတွေကို
သူငယ်ချင်းတို.တွေကိုလဲဝေမျှပေးချင်ပါတယ်
ပန်းရဲ.မွေးရနံ.လေးတွေကို လေညှင်းလေးကဆောင်နှင်းပေးသလို
ကောင်းသတင်းလေးတွေကိုလဲ လူသားချင်းလက်ကမ်းလို.ပေးကြပါစို.
ကောင်းတာလုပ်နေသရွေ.တော့ ကောင်းတယ်ဆိုတဲ့စိတ်ကလေးကိုခံစားနေမိကြမှာပါ
အဖေအမြဲပြောတဲ့ စကားလေးတစ်ခွန်းရှိပါတယ်
(တာဝန်သိရင် တာဝန်ရှိတယ်တဲ့)
စကားလေးကတော့ တိုတယ် ဒါပေမဲ့ မှတ်သားစရာ အပြည့်ပါတယ်
ဒီနေ.ကမ္ဘာမှာလူတိုင်းသာ ကိုယ့်ရဲ.ကျရာတာဝန်ကျေပွန်မယ်ဆိုရင်လေ
လောကကြီးတခုလုံး ဘယ်လောက်တောင် သာယာချမ့်းမြေ.လိုက်မလဲရှင်
အဖေကလဲ အဖေတာဝန်ကျေ၊ အမေကလဲ အမေတာဝန်ကျေ၊
သားသမီးများကလဲ သားသမီးတာဝန်ကျေ။
တိုင်းရင်းသားလူမျိုး အားလုံးကလဲ ကိုယ့်ရဲ.တာဝန်တွေကျေပွန်ကျမယ်ဆိုရင်ဖြင့်လေ...................
ပျော်ရွင်ချမ်းမြေ့လှပတဲ့ လူ.ကမ္ဘာဆိုတာ ဖြစ်လာမှာဧကန်မလွဲပေါ့ရှင်
ကျမရဲ. စာမျက်နာလေးကို အချိန်ယူပြီးစာလာဖတ်သွားတဲ့သူငယ်ချင်းတို.အတွက် အလင်းတစက်ကလေးပေးနိုင်တယ်ဆိုရင်ပဲ ကျေနပ်ရပါပြီ။
ဖြူစင်သောမေတ္တာဖြင့်

Thursday, 29 July 2010
မေတ္တာ ငတ်မွတ်လို.သေဆုံးနေရသူတွေ
ဒီနေ.ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံးဟာ
တီဘီလည်း မဟုတ်ဘူး၊
အနာကြီး ရောဂါလည်း မဟုတ်ဘူး ။
နှစ်သက်လိုလား သူမရှိတာ၊
မေတ္တာထားခြင်း ကြည့်ရှူ.စောင့်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ။
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများပေးလို.ရပေမဲ့
အထီးကျန်ခြင်း စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့
မေတ္တာတရားနဲ.သာကုစားနိုင်ပါတယ်
ဒီနေ.ကမ္ဘာမှာ
ပေါင်မုန်.တစ်ဖဲ့အတွက် အသက်ငင်သူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို.
သေဆုံးကြမဲ့ လူတွေကလည်း
ဒုနဲ.ဒေးပါ
မာသာထရီှးဇာ

Wednesday, 28 July 2010
Subscribe to:
Comments (Atom)