Wednesday 22 June 2011

အဲ့သည်လို အစ်ကိုမျိုး


ကျွန်တော့်သူငယ်ချင်းပေါလ်မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ.အစ်ကိုကြီးထံမှ
ကားတစ်စီးရသည်။ ခရစ္စမတ်အကြိုနေ.မှာ သူ.ရုံးခန်းကထွက်လာတော့ လမ်းဘေးမှာ
ကောင်လေးတစ်ယောက်က တောက်ပသော သူ.ကားသစ်ကြီးကို သဘောကျစွာ လည့်ပတ်
ကြည့်နေတာ မြင်ရသည်။ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးကမေးသည်။
“ဒါ အစ်ကို.ကားလားတဲ့” ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ငါ့အစ်ကိုက ခရစ္စမတ် လက်ဆောင်ပေးတာ”
ဆိုတော့ ကောင်လေးအံ့အားသင့်သွားသည်။
“ဟာ....ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ.......ဟုတ်လား၊
ခင်ဗျားပိုက်ဆံတစ်ပြားမှမကုန်ဘူးပေါ့၊ဟာဗျာ...ကျွန်တော်သာ ဆုတောင်းလို.ရမယ်ဆိုရင်”.....
ဆိုပြီး ကောင်လေးရပ်နေသည်။
ဆုတောင်းလို.ရရင် ကောင်လေးဘာဆုတောင်းမလဲဆိုတာ ပေါလ်တွေးနေမိသည်။သူ.မှာ လည်း
အဲ့ဒီလို အကိုမျိုးတစ်ယောက် ရပါစေလို. ဆုတောင်းမှာပေါ့။
သို.သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့်ပေါလ်ကြက်သီးမွေးညင်း
ထသွားသည်။  “ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ”   တဲ့။
ကောင်လေးကို သူအံ့အားသင့်စွာ ငေးကြည့်နေမိသည်။ထို.နောက်မှ ရုတ်တရက် ဘယ်လိုဖြစ်သွားသည်မသိ။“မင်းငါ့ကားလိုက်စီး ကြည့်မလား ”ဟုမေးမိသည်။
“ဟုတ်ကဲ့ စီးချင်တာပေါ့ခင်ဗျာ”
ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို.လှည့်ကာ “အစ်ကိုရေ .......
ကျွန်တော်တို. အိမ်ဘက် လှည့်မောင်းပေးလို.ရမလားဗျ” ဟုမေးသည်။
သူ.မျက်လုံးတွေတောက်ပနေတာကြည့်ပြီး ပေါလ်ပြုံးမိသည်။ကောင်လေးစိတ်ထဲ ဘာရှိနေသလဲ
သူတွေးမိသည်။သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားခြင်းတွေကို ကြွားချင်ပုံပဲ။
သို.သော် သည်တစ်ခါလည်း ပေါလ်မှားပြန်ပါသည်။
“ဟိုလှေကားနှစ်ဆင့်နဲ.အိမ်ရှေ. ရပ်ပေးပါဗျာ” ကောင်လေးကဆိုသည်။
လှေကားထစ်တွေ သူပြေးတက်သွားသည်။ခဏလေးကြာတော့ပြန်လာနေသံကြားရသည်။
တက်သွားတုန်းကလို မမြန်။သူက ကလေးတစ်ယောက်ကို ချီသူလာခြင်းဖြစ်သည်။
ခြေမသန်သော သူ.ညီလေး။သူကညီလေးကိုအောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။
သူ.လက်တစ်ဘက်က ညီလေးကိုတင်းတင်းဖက်ထားပြီး ကားကိုပြသည်။
“ဟောဒီမှာတွေ.လားညီလေး အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ ၊ဒါသူ.အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ.ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊နောက်ကျရင် အစ်ကိုကြီးလဲ လည်းညီလေးကို ဒီလိုမျိုးကားတစ်စီး ၀ယ်ပေးမယ်၊အဲ့ဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့
ခရစ္စမတ်အရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာ ပေါ့ကွ”
တဲ့ သူက အားပါးတရ ပြောနေသည်။
ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကိုချီ၍ကားရှေ.ခန်းထဲ ထည့်သည်။
အစ်ကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရ သူ.ညီလေးဘေးမှ ၀င်ထိုင်သည်။
အဲသည်နေ.က သူတို.သုံးယောက် လျှောက်လည်ကြသည့်အတွေ.အကြုံမှာ သုံးယောက်လုံးအတွက်
တစ်သက်မမေ့နိုင်စရာ ဖြစ်ခဲ့သည်။
အထူးသဖြင့်ပေါလ်အဖို. သင်ခန်းစာ တစ်ခု မှတ်မှတ်သားသား ရခဲ့သည်။
ယူရခြင်းအရာ ထက် ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏ ....
ဟူသောအသိတရား။
မူရင်း ။  ။ Dan Clkark  ၏ A Brother Like That(ဘာသာပြန် ဆရာ ဖေမြင့်)
ချစ်ညီမလေးရေ “ပျော်ရွှင်ဖွယ် မွေးနေ.လေးဖြစ်ပါစေလို”. မမကြီး ဆုတောင်းပေးပါတယ်။
ကိုကိုမမ အယောက်တိုင်းက သူတို.ရဲ့ မောင်ညီမလေးတွေ ကို တတ်နိုင်တဲ့ ဘက်က ပံပိုးပေးချင်တဲ့
အဲ့လို အစ်ကိုမျိုး အဲ့လို အမမျိုးတွေပါပဲလို. ညီမလေးဖတ်ဖို. မမ ရေးပေးလိုက်ပါတယ်။
ညီမလေးရဲ့ ဘ၀ခရီးလမ်းလေးဖြောင့်ဖြူးသာယာပါစေ။ဘေးအန္တရာယ်များ ကင်းရှင်းနိုင်ပါစေ။

ညီမလေးရဲ.
မမ

Friday 17 June 2011

ဆပ်ကပ် (ဖခင်များနေ.)၁၉.၆.၂၀၁၁

Happy Father's Day
လူကောင်းတစ်ယောက်ရဲ. ဘ၀မှာ
အကောင်းဆုံး အစိတ်အပိုင်းဆိုတာ
မကြီးကြယ်တဲ့ ၊ အမည်မဖော်တဲ့၊အမှတ်တရ ပြုမနေတဲ့
အကြင်နာ၊မေတ္တာ အပြုအမူလေးများပါ။
ဝီလျံဝါ့ဒ်စ၀ပ်

ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။အဖေနဲ.ကျွန်တော် ဆပ်ကပ်ပွဲအတွက်
လက်မှတ်တန်းစီနေကြသည်။အတော်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့်
ကျွန်တော်တို. ကြားမှာ မိသားစုတစ်ခုသာ ကျန်လေသည်။
သည်မိသားစုကို ကြည့်ပြီး ကျွန်တော်သဘောကျနေမိသည်။ကလေးချည်း ရှစ်ယောက် ပါသည်။
တစ်ယောက်မျှ ၁၂နှစ် ပြည့်သေးပုံမရ။သူတို.အသွင်အပြင်တွေ ကြည့်ရုံဖြင့်ပင် ငွေကြေး ပြည့်ပြည့်စုံစုံ
ထဲက မဟုတ်ကြောင်း သိနိုင်သည်။အ၀တ်အစားတွေက အဖိုးတန်ထဲက မဟုတ်။သို.သော် သပ်သပ်ရပ်ရပ်
ရှိသည်။ကလေးတွေက အမူအရာ ယဉ်ကျေးသည်။မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်း
ချိတ်ပြီး တန်းစီနေကြသည်။သို.သော် နှုတ်ကမူ ညဘက်တွင် သူတို.ကြည့်ရမည့်ဆပ်ကပ်လူပြက်များ၊
ဆင်လိမ္မာများနှင့်အခြားပြကွက်များအကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို.လေးတွေခမျာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို.ဘ၀မှာ တကယ့် အမှတ်တရ ဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့်ရပ်နေကြသည်။
ကလေးတွေ၏ မိခင်က ခင်ပွန်းသည်၏ လက်ကို ကိုင်လျက် သူ.မျက်နှာ ကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ
“မေ့ချစ်သူ လူစွမ်းကောင်းကြီး ” ဟုနှုတ်ခွန်းဆက်နေဘိသည့်အလား  အထင်ကြီးမှု ၊လေးစားမှု လက္ခဏာတွေ အပြည့်ပါသည်။ခင်ပွန်းသည်ကလည်း “အားကိုးစမ်းပါ အချစ်ရယ်” ဟု ခွန်းတုံ.ပြန်နေသည့်နှယ် ဂုဏ်ယူသော အပြုံးနှင့် ချစ်ကြည်နှုးစွာ ကြည့်သည်။
သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေ လုပ်သူအား လက်မှတ် ဘယ်နှစ်စောင် ယူမလဲ လှမ်းမေးသည်။
“ကျွန်တော် ကလေးလက်မှတ် ရှစ်စောင်နဲ. လူကြီးလက်မှတ်နှစ်စောင်လိုချင်ပါတယ်၊ အဲ့ဒါမှ ကျွန်တော်တို.တစ်မိသားစုလုံး လာလို.ရမှာ” သူက တက်တက်ကြွကြွပင်ဖြေသည်။
အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။
ဇနီးသည်ကသူ.ခင်ပွန်း၏ လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ.သွားသည်။အမျိုးသား၏နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်။သူ ရှေ.သို. အနည်းငယ်တိုးကာ ဘယ်လောက်ဗျာဟူ၍ မေးသည်။
လက်မှတ်ရောင်းသော အမျိုးသမီး က ဈေးနှုန်းတွေ ထပ်ပြောသည်။
အဖေ လုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။
သို.သော် သည်အချိန်ကျမှ သူနောက်ဘက်လှည့်ကာ ကလေးတွေကိုအဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို. သည်ည ဆပ်ကပ် ကြည့်နိုင်မှာ မဟုတ်ဘူးဟုသူဘယ်သို.ပြောထွက်နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့်အဖေ အင်္ကျီအိတ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀တန်တရွက် ထုတ်လာပြီးနောက် မြေကြီးပေါ် အသာ ပစ်ချသည်။(ကျွန်တော်တို.လည်းချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြော လိုပါသည်)ထို.နောက် အဖေပဲ သည်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးများဖခင်ပခုံးကို သွားပုတ်ပြီးပြောသည်။
“ဒီမှာခင်ဗျ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကြသွားတယ်”
အဖေဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ဘယ်သူ.ဆီမှာမှသူ လက်ဖြန်.တောင်းခံခဲ့သည်တော့မဟုတ်။သို.သော်သည်လို အသည်းအသန် အရေးတကြီးအချိန်၊ဖခင်တစ်ယောက်အနေနှင့် အရှက်ကြီးရှက်ရမည့်အဖြစ်မျိုးကြုံရအံ့ဆဲဆဲအခိန်တွင် မမြော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတစ်ကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။အဖေ့မျက်လုံးအစုံကို သူစူးစိုက်၍ ကြည့်သည်။ဒေါ်လာ ၂၀တန်ကိုင်ထားသော အဖေ့လက်ကို သူ.လက်နှစ်ဖက်နှင့် ဖျစ်ညှစ် ဆုပ်ကိုင်ကာ တုန်ယင်သောနှုတ်ခမ်းများဖြင့် ကျေးဇူးတင်စကားဆိုသည်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ ၊တစ်ကယ်ကိုကျေးဇူးပါပဲ၊ကျွန်တော့်အတွက်ရော ကျွန်တော့် မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဖူးခင်ဗျာ”သည်လို ပြောရင်းသူ.ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လှိမ့်ဆင်းကြလာသည်။
အဖေနှင့် ကျွန်တော် ကားဆီသို. လှည့်ပြန်ကာ အိမ်သို.ပဲ မောင်းလာခဲ့ကြသည်။အဲသည်ည ဆပ်ကပ်ပွဲသို. ကျွန်တော်တို. မသွားကြပါ။သို.သော် သည်ည သည် အချည်းနှီး ညတော့ လုံးဝ မဟုတ်ခဲ့။
(ဆရာ ဖေမြင့်ရဲ. နှလုံးသားအဟာရ ရသစာများမှ ဘာသာပြန် စာကောင်းလေးတစ်ပုဒ်ပါ)
မူရင်း ။  ။ Dan Clark  ၏ The Circus
ဖခင်ဟာ အိမ်ထောင်စုမှာ မိသားစုအတွက် ဦးဆောင်နေကြတဲ့သူတွေဖြစ်တယ်။သူတို.ရဲ. ဘ၀တစ်သက်တာဟာ မိသားစု စားဝတ်နေရေးအဆင်ပြေဖို.အတွက် ပေးဆပ်ကြရရှာတယ်။
ကျေးဇူးကြီးမားလှပါတယ် ဖေဖေ များ
ကျန်းမာကြပါစေ ဖေဖေများ လို. ဇွန်၁၉ ရက်နေ. ဖခင်များနေ.မှာ ဖခင်များအားလုံးအတွက် ဆုတောင်းမေတ္တာပို.သလိုက်ပါတယ်။
အဖေ
အိမ်ထောင်စုမှာ ရှေ.က ရှိတဲ့အဖေ
အန္တရာယ် ရှိရင် ကာကွယ်ပေးတဲ့အဖေ
ချိုသာစကားမပြောတတ်ပေမဲ့ သားသမီးအတွက်ဆို
နွေမိုးဆောင်းလဲ မပင်ပန်းတဲ့ အဖေ
လမ်းမှားမသွားအောင် ထိန်းကျောင်းပေးတဲ့ အဖေ
သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တဲ့အဖေ
နွေးထွေးတဲ့ မေတ္တာနဲ. စောင့်ရှောက်ပေးတဲ့ အဖေ
သားသမီးတို. အမြဲကျေးဇူးတင်ပါတယ်
ကျေးဇူးရှင်ဖေဖေ။

လေးစားလျက်
နှင်းပွင့်

Thursday 9 June 2011

မိသားစုလေးကို မဖြိုခွဲပါနဲ.နော်

                                              
မိသားစုလို.ဆိုလိုက်တာနဲ. ဖေဖေ မေမေ နဲ.သားသမီးတွေ အတူတကွ ပေါင်းစည်းနေကြခြင်းလို. ကျမကနားလည်ထားပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ရဲ.မိသားစုကို ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး ရှိစေချင်ကြတဲ့ လူတွေချည်းပါပဲ။ မိသားစုတစ်စုကို ဆောက်တည်ဖို.ဆိုတာ စိတ်ကူးထက် လက်တွေ.ဘ၀က ပို အဓိကကြပါတယ်။ ကိုယ့်ရဲ.မိသားစုလေးကို ဆောက်တည်ပြီးရင်လဲ မပြိုလဲ မပျက်ဆီးသွားဖို.အတွက် မိသားစုဝင် အယောက်ဆီတိုင်းမှာ တာဝန် အပြည့်ရှိတယ်လို.ကျမအနေနဲ. လေးနက်စွာ ခံယူထားပါတယ်။ တစ်ချို.တွေက “ဘ၀ဆိုတာ တိုတိုလေးပါ ” လို.ဆိုပြီးတော့ ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဟုတ်ပါတယ် ဘ၀ဆိုတာ တိုတယ်။ မွေးလာကြတယ် နေသွားကြတယ် ပြီးတော့ သေသွားကြတယ်ပေါ။့  ဒါပေမဲ့ လူသားမျိုးဆက်ဆိုတာ ကမ္ဘာကြီး မပျက်သုန်းသရွေ.လူတွေရှိနေသရွေ.တော. အစဉ်အမြဲ ရှိ နေကြမှာပါပဲ ။အသက်ရှိနေသရွေ. ဘ၀ဆိုတာကလဲရှိနေတယ်ဆိုတာ ကိုတော့သိထားသင့်ပါတယ်။အမေနဲ.အဖေကြောင့် လူဖြစ်ခွင့်ရကြတယ်။ပညာသင်ကြရတယ်။ကြီးပြင်းလို.အရွယ်ရောက်လို. ပညာစုံ ၊အလုပ်အကိုင်လဲရှိ ၊မိဘကိုလဲ တတ်နိုင်သလောက် ပြန်လည် ပြုစုစောင့်ရှောက်ပြီးရင်တော့ ကို.ရဲ့ချစ်သူဘ၀လက်တွဲဖော်ဆိုတာ လိုအပ်လာကြပါပြီ။ဒါကလဲ လူသားမျိုးနွယ်ဆက် မပျက်သုန်းဖို.အတွက် လူသားတစ်ယောက်အနေနဲ.ကိုယ့်တာဝန်ကို ကိုယ် ထမ်းဆောင်ကြတယ် ချစ်ခင်ရတဲ့သူနဲ.အတူတူမိသားစုရဲ.ဘယ်လို အခက်အခဲမဆိုရင်ဆိုင်ရဲခြင်းလို. နားလည်မိပါတယ်။အမေနဲ.အဖေကြောင့် ကျမတို.ဖြစ်လာရသလို ကျမတို.ကြောင့်လဲ သားသမီးတွေတဖန် ရှိလာရမှာလဲ ဓမ္မတာပါ။မတူညီကြတဲ့ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်းမှာ ခံယူချက်တွေကကွဲပြားနေပါမယ်။
ကိုယ်.ရဲ.ဘ၀တိုးတက်ဖို.တခုထဲအတွက်နဲ. မိသားစုတစ်စုကိုယ့်ကြောင့် မဖျက်ဆီးမိစေဖို.အရမ်းအရေးကြီးပါတယ်။သူများ သားမယားကို ပြစ်မှားတယ်ဆိုတာ လူ.ပတ်ဝန်းကျင်မှာ အင်မတန် ရှက်စရာကောင်းပါတယ်။ဘယ်လိုမှ အားမပေးသင့်တဲ့အရာပါ။ “ဒုသနသော” ဆိုတာကို နားလည်ရင် အင်မတန်ကို ကြောက်စရာကောင်းနေပါတယ်။သူငယ်ချင်းတစ်ယောက်ရဲ.အလုပ်ဆိုင်ဟာ ဒေ
ဝါလီခံလိုက်ရပါတယ်။ အဓိက ကတော့ သူ.ဘော့စ်(အိမ်ထောင်သည်)်နဲ. ဆိုင်မှဝန်ထမ်းတစ်ယောက် ဖောက်ပြန်ကြပါတယ်။ သူ.ဘော့စ်မှာ မိန်းမနဲ. ကလေး၃ ယောက်ရှိတယ်လို.ဆိုပါတယ်။ နောက်တော့ သူတို. တစ်ခြားနိုင်ငံတစ်ခုမှာ လက်ထပ်ကြပြီး သူ.ဘော့စ်မှာ မိန်းမနဲ ကလေးများအား လုံးဝပြန်လှည့်မကြည့်တော့ပါ။ကလေး၃ယောက်လဲ မျက်နှာငယ်ကြရရှာပါတယ်။မိန်းမကလဲ လုပ်ချင်တာတွေ လျှောက်လုပ် ဒီလိုနဲ. မိသားစုတခုဟာ ပြိုကွဲ စီးပွားရေးတွေ ရှုံးလို. နောက်ဆုံးမှာတော့ ဒေ၀ါလီ ခံလိုက်ရပါတော့တယ်။ကျမတို.ရဲ.ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်မျိုးတွေကို မြင်ရ တွေ.ရ ကြမှာပါ။ ဒါတွေကို ဘ၀ရဲ. သင်ခန်းစာ တစ်ခုအနေဖြင့်ယူတတ်ကြဖို.လိုပါသည်။ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်ကြောင့်သူတစ်ပါးရဲ့ မိသားစုလေးကို မဖျက်ဆီး မိပါစေနဲ. မိသားစုလေးကို မဖြိုခွဲပါနဲ.နော် ဆိုပြီး မိသားစုအားလုံးရဲ.ကိုယ်စား ဒီနေရာလေးကနေ မေတ္တာရပ်ခံလိုက်ပါရစေ။ မိသားစုတိုင်း အေးချမ်းသာယာ
ပျော်ရွှင်နိုင်ကြပါစေ။ကိုယ်ပိုင် မိသားစုဘ၀လေးတွေကို ပျော်ရွှင်စွာတည်ဆောက်နိုင်ကြပါစေ။

လေးစားလျက်
နှင်းပွင့်